Europe
ရုရှား နိုင်ငံ အစိုးရ က ယူကရိန်း နိုင်ငံ လူပုဂ္ဂိုလ် နှင့် ဥပဒေအရ တာဝန်ရှိသူ တို့ အပေါ် ပိတ်ဆို့ အရေးယူမှုများ တိုးချဲ့ ဆောင်ရွက်
မော်စကို ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ရုရှား နိုင်ငံ အနေဖြင့် ယူကရိန်း နိုင်ငံ လူပုဂ္ဂိုလ် နှင့် ဥပဒေအရ တာဝန်ရှိသူ တို့အား ပိတ်ဆို့အရေးယူမှု တိုးချဲ့ ဆောင်ရွက် ခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက် ၌ ပြောကြား ခဲ့သည်။
ဒီမီထရီ မက်ဗီဒက်ဗ် က ရုရှား နိုင်ငံ မှ ယူကရိန်း နိုင်ငံ လူပုဂ္ဂိုလ် နှင့် ဥပဒေအရ တာဝန်ရှိသူ တို့အား ပိတ်ဆို့အရေးယူမှု တိုးချဲ့ ဆောင်ရွက်သည့် စာရင်း ကို မိမိ အနေဖြင့် လက်မှတ်ရေးထိုး ခဲ့ပြီဖြစ်ကြောင်း ၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း မှာ ရုရှား နိုင်ငံ ကုမ္ပဏီ နှင့် ပြည်သူလူထု တို့၏ အကျိုးစီးပွား အား ကာကွယ်ရန် အတွက် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ရုရှား နိုင်ငံ အစိုးရ ၏ ထုတ်ပြန်ကြေညာချက် ၏ ဒီဇင်ဘာ ၂၅ ရက် ထုတ်ပြန်ကြေညာချက် အရ ပိတ်ဆို့အရေးယူမှု တိုးချဲ့ဆောင်ရွက်ချက် တွင် ယူကရိန်း နိုင်ငံ လူပုဂ္ဂိုလ် နှင့် ဥပဒေအရ တာဝန်ရှိသူ ၂၀၀ ကျော် အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ပိတ်ဆို့အရေးယူမှု က အမိန့်ထုတ်ပြန်ကြေညာသည့် နေ့မှစတင်၍ အကျိုးဝင်ကြောင်း သိရှိရသည်။
သတင်းဖော်ပြချက်များ အရ လတ်တလောနှစ်ပိုင်းအတွင် ယူကရိန်း နိုင်ငံ အစိုးရ က အမိန့်ကြေညာချက် အမျိုးမျိုး ဖြင့် ရုရှား နိုင်ငံ လူပုဂ္ဂိုလ် နှင့် ဥပဒေအရ တာဝန်ရှိသူ တို့အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ ဝန်ကြီးချုပ် က ယခုနှစ် နိုဝင်ဘာ လဆန်းပိုင်း တွင် အမိန့်ကြေညာချက် တစ်ရပ် ထုတ်ပြန် ခဲ့ပြီး ယူကရိန်း နိုင်ငံသား ၃၂၂ ဦး နှင့် ဥပဒေအရ တာဝန် ရှိသူ ၆၈ ဦး တို့အား ပိတ်ဆို့အရေးယူမှုဆောင်ရွက်ကာ ၎င်းတို့၏ ရုရှား နိုင်ငံ ရှိ ငွေစာရင်းအကောင့် နှင့် ပိုင်ဆိုင်မှု တို့အား ထိန်းသိမ်း ခဲ့ကြောင်း သိရှိရသည်။(Xinhua)