Europe
ရုရှားအနောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် လူ ၁၀ဦးသေဆုံး

မော်စကို၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ၏ အနောက်ဆိုက်ဘေးရီးယားဒေသတွင် ဇန်နဝါရီ ၃ရက်က ကားနှစ်စီးတိုက်မိခဲ့ရာ ကလေးငယ် ၄ဦးအပါအဝင် လူ ၁၀ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ယာဉ်တိုက်မှုသည် Khanty-Mansiysk ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Oktyabrskyခရိုင် ရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသစံတော်ချိန် ၁၄း၃၇နာရီတွင် အစိုးရသို့ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ သတင်းပေးပို့လာကြောင်း ရုရှားနိုင်ငံအရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်၌ လူဦးရေ ၅၀ကျော်ပါဝင်သည့် မီးသတ်ဝန်ထမ်းများ နှင့်ကယ်ဆယ်ရေးအဖွဲ့များကို အခင်းဖြစ်ပွားရာသို့ စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)