Europe
အစိတ်အပိုင်းအများစုအား သစ်သားဖြင့်သာ ဆောက်လုပ်ထားသည့် ကနေဒါက အထပ်မြင့် အဆောက်အအုံ
ဗန်ကူးဗား၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် တည်ရှိသော ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ် (UBC) ကျောင်းဝင်းအတွင်း၌ အစိတ်အပိုင်းအများစုအား သစ်သားဖြင့် ဆောက်လုပ်ထားသည့် ကမ္ဘာ့အမြင့်ဆုံး သစ်သားအထပ်မြင့် အဆောက်အအုံ အား စက်တင်ဘာ ၁၅ ရက်က ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံသည် အမြင့် ၅၃မီတာ နှင့် အထပ်ပေါင်း ၁၈ထပ် ရှိပြီး သစ်သားအား အဓိကဆောက်လုပ်ရေးပစ္စည်းအဖြစ် အသုံးပြုထားကြောင်း သိရသည်။
ကနေဒါ က ကမ္ဘာ့အမြင့်ဆုံး သစ်သားအဆောက်အအုံ အားတွေ့ရစဉ် (ဆင်ဟွာ)
ယင်း သစ်သားအထပ်မြင့်အဆောက်အအုံအား တက္ကသိုလ်ကျောင်းသား ၄၀၀ အတွက် အဆောင်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)