Connect with us

Europe

အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့အစည်း မှ ဖမ်းဆီး ထားသည့် ဆွီဒင် နိုင်ငံသား တစ်ဦး ပြန်လည် လွတ်မြောက် လာ

အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့အစည်း မှ ဖမ်းဆီး ထားသည့် ဆွီဒင် နိုင်ငံ သား Johan Gustafsson အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

စတော့ဟုမ်း ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

၂၀၁၁ ခုနှစ် က အနောက်အာဖရိက မာလီ နိုင်ငံ တွင် Al-Qaeda အကြမ်းဖက် အဖွဲ့အစည်း မှ ဖမ်းစည်း ခဲ့သည့် ဆွီဒင် နိုင်ငံ သား Johan Gustafsson ကို ပြန်လည်လွတ်မြောက်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့တွင် ဆွီဒင် နိုင်ငံ သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး Margot Wallström က Johan Gustafsson ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ကို အတည်ပြုပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ဆွီဒင် နိုင်ငံ သို့ ပြန်လည်ရောက်ရှိလာပြီးနောက် လွန်စွာ စိတ်လှုပ်ရှားနေကြောင်း ၊ ၎င်းအနေဖြင့် နောက်ဆုံးတွင် ပြန်လည် လွတ်မြောက်လာခြင်းသည် ဘက်ပေါင်းစုံ မှ အတူတကွ ကြိုးပမ်းခဲ့မှုကြောင့် ရရှိခဲ့သည့် အောင်မြင်မှု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Margot Wallström က မီဒီယာ များအား Johan Gustafsson အား မည်သို့ကယ်တင်ခဲ့ခြင်း နှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ဆွီဒင် နိုင်ငံ အစိုးရမှ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့အစည်း ကို ငွေကြေးပေးခဲ့ခြင်းရှိမရှိ နှင့် ပတ်သက်၍လည်း ပြောကြား ခဲ့ခြင်း မရှိခဲ့ပေ။

ဆွီဒင် နိုင်ငံ ရုပ်သံဌာန ၏ ဖော်ပြချက်အရ Johan Gustafsson သည် လက်ရှိချိန်တွင် အသက် ၄၂ နှစ်ရှိပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလပိုင်းတွင် မာလီ နိုင်ငံတွင် မော်တော်ဆိုင်ကယ် ဖြင့် ခရီးသွားလည်ပတ်နေစဉ် အတွင်း အယ်လ်ကိုင်းဒါး အဖွဲ့အစည်း ၏ ဖမ်းဆီးခြင်း ကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ၊ ၎င်းနှင့် အတူ အခြား ၃ ဦးလည်း ဖမ်းဆီး ခံခဲ့ရပြီး ၎င်းတို့မှာ ဂျာမနီ ၊ ဟော်လန် နှင့် တောင်အာဖရိက နိုင်ငံသားများ ဖြစ်ကြကြောင်း ၊ ဖမ်းဆီး ခံခဲ့ရသည့် ဂျာမနီ နိုင်ငံသားသည် ပြန်လည်ခုခံသဖြင့် အသက်ဆုံးရှုံးခဲ့ရပြီး ဟော်လန် နိုင်ငံ အား ၂၀၁၅ ခုနှစ်တွင် ပြင်သစ် အထူးတပ်ဖွဲ့မှ ကယ်တင်လွတ်မြောက် နိုင်ခဲ့ကြောင်း ၊ တောင်အာဖရိက နိုင်ငံသား အနေဖြင့် လက်ရှိချိန်ထိ အခြေအနေ မသိရှိရသေးကြောင်း ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.