Connect with us

International Organizations

ယီမင်တွင် လူသားချင်းစာနာထောက်ထားမှုယိုယွင်းနေသည့်အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အထူးစိုးရိမ်

စစ်ဘေးသင့်နေသည့် ယီမင်၏မြို့တော် မြင်ကွင်း (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ်လ ၁၆ ရက်(ဆင်ဟွာ)

ယီမင်တွင် လူသားချင်းစာနာထောက်ထားမှုများ ဆက်လက်ယိုယွင်းနေသည့်အပေါ် အထူးစိုးရိမ်ပူပန် မိကြောင်းနှင့် ပဋ္ဋိပက္ခအဖွဲ့အစည်းများက ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ညှိနှိုင်းဆွေးနွေး ကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌ၏ကြေညာချက်တွင် ဖော်ပြထားပါ သည်။

၎င်းကြေညာချက်တွင် ယခုလက်ရှိယီမင်တွင် လူသားချင်းစာနာထောက်ထားကူညီမှုများ လိုအပ်နေ သူ ၂၂.၂ သန်းရှိပြီး မနှစ်ကထက် ၃.၄ သန်း တိုးလာကြောင်း၊ ယီမင်ပြည်သူလူထုမှာ ကာလဝမ်း ရောဂါ၊ အသက်ရှုလမ်း ကြောင်းရောဂါ၊အငတ်ဘေး၊ အာဟာရချို့တဲ့မှုစသည့် ရောဂါကပ်ဘေးများနှင့် ရင်ဆိုင်နေရသောကြောင့် အထူးစိုးရိမ်ကြောင့်ကြမိကြောင်း၊ ပဋ္ဋိပက္ခအဖွဲ့အစည်းအသီးသီးမှ လူသားချင်းစာနာထောက်ထားမှုဖြင့် ကလေး စစ်သားမခေါ်ယူရန် ၊ စာသင်ကျောင်း၊ ဆေးဝါးကုသ စက်ပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်သောဝန်ထမ်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အဆင်ပြေလွယ်ကူအောင် ယီမင်ဆိပ်ကမ်းများအားလုံးကို ဆက်လက်ဖွင့်ထားရန် တိုက်တွန်းကြောင်း ၊ ထို့အပြင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများ မှလည်း ကူညီကယ်ဆယ်ရေး အတွက် တစ်တပ်တအား ပါဝင်လှူဒါန်းကြရန် နှိုးဆော် ထားပါသည်။

ပဋ္ဋိပက္ခအဖွဲ့အစည်းအသီးသီးက ဘက်ပေါင်းစုံအကျိုးအမြတ်ကို မထောက်ထားဘဲ နိုင်ငံရေးနည်းလမ်း အရ ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်ပါက လူသားချင်းစာနာထောက်ထားမှုအခြေအနေ ဆက်လက် ယိုယွင်းနေမည်ဖြစ်သောကြောင့် ကုလသမဂ္ဂ၏ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် ယုံယုံကြည် ကြည်ပါဝင်ကြပြီး ပဋ္ဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသင့်ကြောင်း ကြေညာချက်တွင် အလေးအနက်ထား ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ယီမင် ဟူသီသူပုန်လက်နက်ကိုင်များက မြို့တော် ဆန်းနားကို ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်းတွင် ယီမင်တောင်ပိုင်းဒေသများကို သိမ်းပိုက်နေရာယူခဲ့ရာ သမ္မတဟာဒီနှင့် ဝန်ကြီးအဖွဲ့ ဆော်ဒီအာရေဗျသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီ နိုင်ငံ များက ဟူသီလက်နက်ကိုင် သူပုန်များကို Operation Decisive Storm စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ ကုလသမဂ္ဂ၏စေ့စပ်ညှိနှိုင်းမှုကြောင့် ပဋ္ဋိပက္ခအဖွဲအစည်းများဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော် လည်း သဘောတူညီမှုမရရှိခဲ့ပါ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.