Connect with us

International Organizations

ကျား၊ မ တန်းတူညီမျှမှုအတွက် အချိန်ကျပြီဟု ကုလသမဂ္ဂ အကြီးအကဲ ပြောကြား

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများအား အကြမ်းဖက်မှု ရပ်တန့်ရေး ပိုစတာကိုင်ထားသူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၉ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခါသမယတွင် တက်ကြွစွာ လုပ်ဆောင်ရန် အမျိုးသမီးများနှင့် မိန်းကလေး အင်အားစုအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က မတ်လ ၈ ရက်က ပြောကြားလိုက်သည်။

“နေရာတိုင်းက အမျိုးသမီးတွေ ပြောနေကြတာက ‘အချိန်ကျပြီ’ ဆိုတာပါပဲ။ တန်းတူညီမျှမှုနဲ့ အခွင့်အရေးရရှိမှု၊ လေးစားမှုနဲ့ မျှတမှုကို ဖော်ပြရမယ့် အချိန်ပဲပေါ့။ ပြီးတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရမယ့် အချိန်လည်း ဖြစ်တယ်။ နေရာတိုင်း အချိန်တိုင်းမှာ ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ရင်ဆိုင်နေရတဲ့ အကြမ်းဖက်ခံရမှု အပြုအမူတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေကနေ အရေးပေါ် ကယ်ထုတ်ရမှာဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှုက အရေးကြီးပါတယ်”ဟု ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား၌ ဂူတာရက်စ်က ပြောသည်။

၁၉၇၆ ခုနှစ်တွင် ပထမဆုံး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပခဲ့စဉ်ကတည်းကစ၍ အရေးပါသော တိုးတက်မှုများရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် အလုပ်အကိုင် မပေးနိုင်ခြင်း၊ လုပ်ခ မညီမျှခြင်း၊ အန္တရယ်ကျရောက်နိုင်ခြေရှိခြင်း၊ ခွဲခြားဆက်ဆံခြင်းများနှင့် အကြမ်းဖက်ခြင်းများ စသည့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ဟု ဆိုသည်။

ကုလသမဂ္ဂ၏ လမ်းညွှန်မှုနှင့်အညီ ကျား၊ မ တန်းတူညီမျှမှု အောင်မြင်မှုရှိစေရေး ၎င်း၏ ဆုံးဖြတ်ချက်အား ဂူတာရက်စ်က ကတိပြုခဲ့သည်။

“ဒါက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အလိုရှိသလို ကျွနု်ပ် ကိုယ်တိုင်လည်း အလိုရှိပါတယ်။ ပြီးတော့ အသိဉာဏ်ရှိတဲ့ အမျိုးသားတွေနဲ့ ယောကျ်ားလေးတိုင်းလည်း ဒါကို အလိုရှိသင့်တယ်” ဟု ဂူတာရက်စ်က ဆိုသည်။

ကျား၊ မ တန်းတူညီမျှမှုသည် အခြေခံ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး အမျိုးသမီးနှင့် မိန်းကလေးများ၏ လုပ်ဆောင်ချက်မပါဘဲ ပိုမို ကြွယ်ဝချမ်းသာသော ငြိမ်းချမ်းသည့် ကမ္ဘာကြီးဖြစ်စေမည် မဟုတ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက မှတ်ချက်ပြုခဲ့သည်။

အမျိုးသမီးများ ပါဝင်မှုကြောင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပို၍ခိုင်မြဲစေသလို လူမှုအဖွဲ့အစည်းက ပိုမို တိုးတက်ပြီး စီးပွားရေးလည်း သာ၍ ခိုင်မာလာစေမည် ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.