International Organizations
ဇီကာဗိုင်းရပ်စ်အား နိုင်ငံတကာ လူထု ကျန်းမာရေး အရေးပေါ် စိုးရိမ်ရမှုအဖြစ် WHO ကြေညာ

ဂျနီဗာ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
မွေးရာပါ ဦးနှောက်သေး ရောဂါနှင့် အာရုံကြော မူမမှန် ဖြစ်ပွားမှု ဘရာဇီးနိုင်ငံတွင် များပြားလာခြင်းကြောင့် နိုင်ငံတကာ နှင့် စပ်ဆိုင်သော လူထုကျန်းမာရေး အရေးပေါ် စိုးရိမ်ရမှု အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဖေဖော်ဝါရီလ ၁ ရက်က ကြေညာလိုက်သည်။
ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ပထမဆုံး ပြုလုပ်သည့် အရေးပေါ် ကော်မတီ အစည်းအဝေးပြီးနောက် WHO က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဇီကာဗိုင်းရပ်စ်သည် အထူးသဖြင့် ဘရာဇီးနိုင်ငံ အပါအဝင် အမေရိကတိုက်အတွင်းရှိ နိုင်ငံအချို့တွင် ဖြစ်ပွား နေပြီး မွေးရာပါ မူမမှန်သော ဦးခေါင်းများနှင့် Guillain-Barre Syndrome ကလေး အရေအတွက် တိုးမြင့်နေ ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်နေစဉ် ဇီကာဗိုင်းရပ်စ် ပျံ့နှံ့ခြင်းနှင့် မွေးရာပါ ဦးခေါင်းသေးရောဂါ (Microcephly)တ့ိုမှာ သံသယရှိဖွယ် အခိုင်အမာ ဆက်စပ်နေသော်လည်း သိပ္ပံနည်းကျ သက်သေပြနိုင်ခြင်းကား မရှိသေးကြောင်း WHO ညွှန်ကြားရေးမှူးချုပ် မာဂရက် ချန်က ပြောသည်။
ကျယ်ပြန့်သည့် ပထဝီမြေ အနေအထားအရ ခြင်မျိုးစိပ် ပျံ့နှံ့မှု၊ ကာကွယ်ဆေးများ ချို့တဲ့မှု၊ ရောဂါရှာဖွေစမ်း သပ်မှုများ အား နည်းမှုနှင့် လူ၏ ကိုယ်ခံအား ကျဆင်းမှုများ စသည်တို့ကြောင့် ပိုမို ဖြစ်ပွားနိုင်ကြောင်း ချန်က ပြောသည်။
ယင်းဗိုင်းရပ်စ် ဖြစ်ပွားသည့် နိုင်ငံများတွင် ရောဂါခြိမ်းခြောက်မှုအား လျှော့ချရေးနှင့် ပျံ့နှံ့မှုနှုန်း လျှော့ချရေး အတွက် နိုင်ငံတကာက အတူတကွ တုံ့ပြန်ကြရန်လည်း ချန်က တိုက်တွန်းလိုက်သည်။ (Xinhua)