Connect with us

International Organizations

ဇီကာဗိုင်းရပ်စ်အား ကာကွယ်တိုက်ဖျက်ရန် ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့တိုက်တွန်း

ဇီကာ ဗိုင်းရပ်စ်ပိုးကို ပျံ့နှံ့ကူးစက်စေသည့် အေးဒီစ် ခြင် အမျိုးအစားကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လစ္စဘွန်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဇီကာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုများအား ကာကွယ် တိုက်ဖျက်ရေး အတွက် ပန် အမေရိကန် ကျန်းမာရေး အဖွဲ့အစည်း (Pan American Health Organization= PAHO) ၏ ပူူးပေါင်း ကူညီရေး အဖွဲ့တွင် အဖွဲ့ဝင် နိုင်ငံများမှ ဝင်ရောက် ကူညီကြရန် ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ပြောကြားလိုက်သည်။

ဇီကာ ဗိုင်းရပ်စ်အား အာဖရိကတိုက် အတွင်းမှ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် ခရီးသွား ဧည့်သည်များမှ တဆင့် ဘရာဇီးနိုင်ငံ အပါအဝင် လက်တင် အမေရိကတိုက် အတွင်းသို့ ပျံ့နှံ့လာခဲ့သည်။

လွန်ခဲ့သည့် ၉ လ အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံ၌ ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု တွေ့ရှိကြောင်း ဥရောပ သမဂ္ဂ ကျန်းမာရေး အေဂျင်စီက ထုတ်ပြန်ထားသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များအား ဇီကာ ဗိုင်းရပ်စ်ပိုး ဖြစ်ပွားမှု မြင့်မားလျက်ရှိသည့် ဘရာဇီးနှင့် နိုင်ငံပေါင်း ၂၁ နိုင်ငံသို့ ခရီးသွားလာမှု ရှောင်ရှားကြရန် သတိပေးသည်။

ဘရာဇီးနိုင်ငံ ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ဇီကာ ဗိုင်းရပ်စ် ဖြစ်ပွားမှု အဆိုရွားဆုံး ဒေသရှိ ကလေးငယ် ၅ ဦးမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးမှု ရှိခဲ့ကြောင်း ဇန်နဝါရီလ ၂၀ ရက်က အတည်ပြု ကြေညာလိုက် သည်။ ဇီကာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုများကြောင့် သြဂုတ်လ ၅ ရက်မှ ၂၁ ရက် အထိ ပြုလုပ်မည့် Rio 2016 ပွဲအတွက် ဘရာဇီးနိုင်ငံ အနေဖြင့် ဇီကာ ဗိုင်းရပ်စ်ပိုး ဆိုင်ရာ သတိပေးချက်နှင့် ကြိုတင် ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းများအား ကြိုတင် လုပ်ဆောင်နေကြောင်း သိရသည်။
ဇီကာဗိုင်းရပ်စ် တွေ့ရှိသူအများစုမှာ ဘရာဇီးနိုင်ငံသို့ ခရီး သွားရောက်ခဲ့ကြရာမှ ကူးစက်ခံရခြင်း ဖြစ်ကြောင်း ပေါ်တူဂီ နိုင်ငံတွင် ဇီကာ ကူးစက်ခံရမှု စောင့်ကြည့်ရေး တာဝန်ရှိသူ INSA ကပြောသည်။
ဇီကာ ဗိုင်းရပ်စ်ပိုးသည် ၁၉၄၇ ခုနှစ်က အာဖရိကတိုက်ရှိ ဇီကာ တောအတွင်း၌ သီးသန့် နေထိုင်သော မျောက်များမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကူးစက်ခံမှု အများစုမှာ အေးဒီစ် ခြင် (Adies mosquito) တစ်မျိုး အကိုက်ခံရခြင်းမှ တဆင့် ကူးစက်ခြင်း ဖြစ်ပြီး အနည်းစုမှာ လိင်ဆက်ဆံခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်၏ အချင်းမှ တဆင့် သန္ဓေသားသို့ ကူးစက်ကြောင်း သိရသည်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည့် မိခင်မှ မွေးဖွားလာသည့် ကလေးငယ်များမှာ ပုံသဏ္ဍာန်မမှန်သော ဦးခေါင်းပုံစံနှင့် ဦးနှောက် သေးငယ်မှုများ၊ အမြင်အာရုံနှင့် အကြားအာရုံ ဆုံးရှုံးခြင်းများ ဖြစ်နိုင်သည်။
ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများမှာ ကိုယ်အပူချိန် ကျဆင်းခြင်း၊ အဖုအပိမ့်များ ထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား နာကျင်ခြင်းနှင့် မျက်လုံး ကိုက်ခဲခြင်း စသည့် လက္ခဏာများ တွေ့ရှိရကြောင်း သိ ရသည်။ လက်ရှိတွင် ဇီကာဗိုင်းရပ်စ် အတွက် သီးခြား ကုသနိုင်ခြင်း မရှိသေးသလို ယင်းရောဂါပိုးအား ကာကွယ်ရန် ကာကွယ်ဆေး၊ ထိုးဆေးများလည်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.