Connect with us

International Organizations

အိုင်အမ်အက်ဖ် (IMF) အကြီးအကဲ အဖြစ် လာဂါဒီ ထပ်မံ အရွေးခံရ

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) ၏ ဦးဆောင် ညွှန်ကြားရေးမှူး ခရစ်စတင်း လာဂါနီ အားတွေ့ရစဉ် (Xinhua)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဝါရှင်တန် အခြေစိုက် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ ဦးဆောင်ညွှန်ကြားရေးမှူး(မန်နေးဂျင်း ဒါရိုက်တာ) ခရစ်စတင်း လာဂါနီသည် ဒုတိယအကြိမ် ၎င်း၏ ရာထူး နေရာအတွက် ဝင်ရောက် အရွေးခံရာတွင် ယှဉ်ပြိုင်သူ မရှိဘဲ IMF ၏ အကြီးအကဲ အဖြစ် ထပ်မံ အရွေးခံရကြောင်း သိရသည်။

မန်နေးဂျင်း ဒါရိုက်တာ ရာထူးအတွက် နာမည်စာရင်းတင်သွင်းမှု အား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်ခဲ့ပြီး စာရင်းတင်သွင်းသူ အဖြစ် လက်ရှိ မန်နေးဂျင်း ဒါရိုက်တာ ခရစ်စတင်း လာဂါဒီ တစ်ယောက်သာ ရှိခဲ့ကြောင်း IMF ၏ အမှုဆောင် ဘုတ်အဖွဲ့ ခေါင်းဆောင် Aleksei Mozhin က ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

IMF သည် မန်နေးဂျင်း ဒါရိုက်တာ ရာထူးအသစ် ရွေးချယ်မှု အား ဇန်နဝါရီလ ၂၀ ရက်က စတင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီးဟောင်း တစ်ဦးဖြစ်သူ လာဂါဒီ သည် IMF အကြီးအကဲ အဖြစ် Dominique Strauss-Kahn အနားယူသွားပြီးနောက် ၂၀၁၁ ခုနှစ် ကတည်းက တာဝန်လွှဲပြောင်း ယူခဲ့ပြီး အေဂျင်စီ ၏ ပထမဆုံး အမျိုးသမီး အကြီးအကဲ ဖြစ်လာကြောင်း သိရသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာန ကလည်း လာဂါဒီ အား IMF ၏ အကြီးအကဲ အဖြစ် နောက် ငါးနှစ် ထပ်မံ တာဝန် ထမ်းဆောင်ရန် ထောက်ခံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.