International Organizations
တရုတ်နိုင်ငံက ကိုရီးယားကျွန်းဆွယ်အရေးတွင် အရေးပါပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ကုလသမဂ္ဂ ပြောကြား

ကုလသမဂ္ဂ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ်အရေးတွင် အရေးကြီးပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂက ဇွန်လ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
“ကိုရီးယားကျွန်းဆွယ်အရေးမှာ တရုတ်နိုင်ငံက အရေးပါအစိတ်အပိုင်း တစ်ခုကနေ ပါဝင်ပြီးတော့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ၏ ပြောခွင့်ရပုဂ္ဂိုလ် စတီဖန် ဒူဂျာရစ် (Stephane Dujarric) က နေ့စဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ ခေါင်းဆောင်များအကြား ဇွန်လ ၁၂ ရက်က သမိုင်းဝင် ထိပ်သီးအစည်းအဝေးအား “အရေးကြီးတဲ့ သမိုင်းမှတ်တိုင်” အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ချီးကျူးပြောကြားခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့သည် ကိုရီးယားကျွန်းဆွယ်အား နျူကလီးယားကင်းစင်ရေးအဖြစ် အပြည့်အဝလုပ်ဆောင်ရန် မြောက်ကိုရီးယားနိုင်ငံမှ ကတိပြုမှုအပါအဝင် ကိစ္စရပ်များပါဝင်သော သတင်းထုတ်ပြန်ချက်တစ်ခုအား လက်မှတ်ရေးထိုးခြင်းဖြင့် စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် အစည်းအဝေးအား အဆုံးသတ်ခဲ့သည်။ (Xinhua)