Connect with us

Latin America

ကျူးဘားလေယာဉ်ပျက်ကျမှု တွင် အသက်ရှင်ကျန်ရစ်သူတစ်ဦး သေဆုံးသွားခဲ့

ကျူးဘားလေယာဉ်ပျက်ကျမှု တွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သော Grettel Landrove အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟာဗားနား၊ မေ ၂၂ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ထိတ်လန့်ဖွယ် လေယာဉ်ပျက်ကျမှု မှ အသက်ရှင်ကျန်ရစ်သူများအနက် တစ်ဦး သည် မေ ၂၁ ရက် နေ့လည်ပိုင်းတွင် သေဆုံးသွားခဲ့ပြီး သေဆုံးသူ ၁၁၁ဦးရှိလာခဲ့ကြောင်းသိရသည်။

အသက် ၂၃ နှစ်အရွယ် ကောလိပ်ကျောင်းသူတစ်ဦးဖြစ်သော Grettel Landrove သည် ပြင်းထန်သော အာရုံကြောဆိုင်ရာ ဒဏ်ရာများကြောင့် ကွယ်လွန်သွားခဲ့ကြောင်း ကျူးဘားနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနကပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျမှုတွင် အခြား အသက်ရှင်ကျန်ရစ်သူ ၂ဦး နှင့်အတူ Landrove အား ဟာဗားနားမြို့ရှိ Calixto Garcia ဆေးရုံ၏ အရေးပေါ်ဌာနတွင် ကုသပေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာနက Grettel Landrove၏ ဒဏ်ရာအခြေအနေမှာ အလွန်ပြင်းထန်သောကြောင့် ဆေးကုသရေးအဖွဲ့ ကြိုးပမ်းအားထုတ်ပြီး ကုသပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.