Connect with us

Latin America

ချီလီတောင်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်းအိမ်တစ်လုံးပေါ် ပျက်ကျ

ပွာတိုမွန့် မြို့ မြင်ကွင်းတစ်ရပ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆန်တီယာဂို၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံတောင်ပိုင်းတွင်လေယာဉ်အငယ်စားတစ်စီးအိမ်တစ်လုံးအပေါ်သို့ဧပြီလ ၁၆ ရက်ကပျက်ကျ ခဲ့ရာ အနည်းဆုံးလူခြောက်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျမှုက လာပါလိုမာ ပုဂ္ဂလိကလေယာဉ်ကွင်းမှလေယာဉ်ပျံတက်ပြီး အချိန်အနည်းငယ် အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လော့စ်လာဂို ဒေသအတွင်း ပွာတိုမွန့်မြို့ မှ နှစ်ကီလိုမီတာအကွာ လူနေ ရပ်ကွက်တစ်ခုအတွင်းသို့ပျက်ကျခဲ့ခြင်းဖြစ်သည်။

ထိုလေယာဉ်အားစီးပွားဖြစ်ပျံသန်းမှုများပြုလုပ်နေသည့် Archipielago ကုမ္ပဏီကပိုင်ဆိုင်ကြောင်းဖြင့် လော့စ်လာဂိုဒေသအုပ်ချုပ်ရေးမှူး ဟယ်ရီဂျာဂင်ဆန် ကပြောခဲ့သည်။၎င်းကလေယာဉ်ပျက်ကျခဲ့သည့် အိမ်မှာ လူနေထိုင်ခြင်းမရှိကြောင်းနှင့် လေယာဉ်ကလောင်စာဆီပေါက်ကွဲမီးလောင်ပြီးနောက ထိုအိမ် မှာလည်းလုံးဝမီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်းပြောခဲ့သည်။

ထို့ပြင် ဂျာဂင်ဆန် က “ပျံသန်းရေးခရီးစဉ်က လေယာဉ်မှူးနဲ့ခရီးသည်ရှစ်ဦးလိုက်ပါဖို့ပဲ၊ဒါပေမယ့် လေ ဆိပ်ထိန်းချုပ်ရေးမျှော်စင်က ခရီးသည် ငါးဦးနဲ့လေယာဉ်မှူး ပဲပါတယ်လို့ အတည်ပြုခဲ့တယ်” ဟုထပ်မံ ပြောကြားသွားခဲ့သည်။

လာပါလိုမာပုဂ္ဂလိကလေယာဉ်ကွင်းမှာဒေသအတွင်း အရေးကြီးသောလေယာဉ်ကွင်းတစ်ခုဖြစ်ပြီးချီလီ နိုင်ငံ၏ပြည်မကြီးနှင့်ချီလိုကျွန်းစုတို့အကြားခရီးသည်နှင့်ကုန်ပစ္စည်းများပို့ဆောင်ပေးရာလေဆိပ်လည်း ဖြစ်သည်။ထိုလေဆိပ်က ချီလီပြည်မနှင့်အနီးဆုံးလေဆိပ်လည်းဖြစ်ကာ ၇၀ ကီလိုမီတာကွာဝေးသည်။ (Xinhua)