Latin America
ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းအပေါ် အမေရိကန်က ပိတ်ပင်တားမြစ်မှုများချမှတ်
ဝါရှင်တန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သည် ဇန်နဝါရီ ၂၈ ရက် က ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းတစ်ခုအပေါ် ပိတ်ပင်တားမြစ်မှုများ ချမှတ်ခဲ့ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့သည်။
S.A. ဟုလည်း လူသိများသည့် Petroleos de Venezuela ခေါ် PDVSA ရေနံကုမ္ပဏီ အပေါ် ချမှတ်ခဲ့သော ပိတ်ပင်တားမြစ်မှုများသည် ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇ဘီလီယံဒေါ်လာ ပိတ်ပင်သွားမည်ဖြစ်ပြီး လာမည့်နှစ်အကျော်တွင် အမေရိကန်ဒေါ်လာ ၁၁ဘီလီယံတန်ဖိုးရှိ ရောင်းအားများ ကျဆင်းသွားမည် ဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး John Bolton က အိမ်ဖြူတော်တွင် ပြုလုပ်သော နေ့စဉ် သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံမှ အတိုက်အခံခေါင်းဆောင် Juan Guaido အား နိုင်ငံ၏ ကြားဖြတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ပြီး ၂၀၁၈ခုနှစ်တွင် မဲအရေအတွက် သုံးပုံ နှစ်ပုံဖြင့် ရွေးကောက်ပွဲအား အနိုင်ရရှိခဲ့သည့် လက်ရှိ သမ္မတ နီကိုးလတ်စ် မာဒူရို (Nicolas Maduro) အား ပြစ်တင်ရှုတ်ချပြီး ရက်အနည်းငယ်အကြာတွင် ယင်းဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)