Latin America
ဂွာတီမာလာ မီးတောင်ပေါက်ကွဲမှု သေဆုံးသူ ၆၅ ဦးထိ မြင့်တက်လာ
ဂွာတီမလာစီးတီး ၊ ဇွန် ၅ ရက်(ဆင်ဟွာ)
ဂွာတီမာလာနိုင်ငံ မြို့တော်အနီး၌ ဖြစ်ပွားခဲ့သော မီးတောင်ပေါက်ကွဲမှုတွင် သေဆုံးသူ ဦးရေ ၆၅ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ယနေ့( ဇွန် ၅ ရက် ) သတင်းထုတ်ပြန်ချက်အရ သိရသည်။
၎င်းမီးတောင်လှုပ်ရှားမှုမှာ ယခုနှစ် အတွင်း စံချိန်တင်လောက်သည် အထိ ပြင်းထန်စွာလှုပ်ရှားခြင်းဖြစ်ကြောင်း သတင်းပေးပို့မှုများအရသိရသည်။ မီးတောင်လှုပ်ရှားမှုကြောင့် လူပေါင်း ၃ထောင်ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း နှင့် ဒေသခံ လူပေါင်း ၁.၇ သန်းအား အကျိုးသက်ရောက် မှု ရှိနိုင် ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဂွာတီမာလာ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားသော နေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

Fuego မီးတောင်မှာ မြို့တော် ၏ အနောက်ဘက် ကီလိုမီတာ ၅ဝ အကွာ၌ တည်ရှိကြောင်း သိရသည်။
မီးတောင်မှထွက်သည့်ပြာများသည် ကားများ လမ်းများ စသည့်နေရာအနှံ့တွင်ဖုံးလွှမ်းသွားပြီး အစိုးရ အာဏာပိုင်များက ပြည်သူများကို မျက်နှာဖုံးနှာခေါင်းစည်းများတပ်ဆင်သွားလာရန် ညွှန်ကြားထားသည်။ ထိုမီးတောင်လှှုပ်ရှားမှုများကြောင့် ဂွာတီမာလာ ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်းယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်းသိရသည်။ (Xinhua)