Connect with us

North America

ကိုရီးယားစစ်ပွဲအတွင်း ပျောက်ဆုံးသွားခဲ့သည့် အမေရိကန် စစ်သားများ၏ ရုပ်အလောင်းအကြွင်းအကျန်များကို မြောက်ကိုရီးယားနိုင်ငံက ပြန်လည်လွှဲပြောင်းပေးနေပြီဟု ထရမ့်ပြောကြား

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (ယာ) နှင့် အမေရိကန်နိုင်ငံ ခေါင်းဆောင် ဒေါ်နယ်လ်ထရမ့်တို့အား ဇွန်လ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အိမ်ဖြူတော်၌ Fox News နှင့် ပြောဆိုရာတွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ကိုရီးယားစစ်ပွဲ (၁၉၅၀-၅၃) အတွင်း ပျောက်ဆုံးသွားခဲ့သည့် အမေရိကန် စစ်သားများ၏ ရုပ်အလောင်းအကြွင်းအကျန်များကို လွှဲပြောင်းပေးရန် မြောက်ကိုရီးယားနိုင်ငံက စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဇွန်လ ၁၅ ရက်က ပြောကြားခဲ့သည်။

“သူတို့ (မြောက်ကိုရီးယားနိုင်ငံ) စစ်သားတွေရဲ့ ရုပ်အကြွင်းအကျန်တွေကို လွှဲပြောင်းတဲ့ လုပ်ငန်းစတင်နေပါပြီ” ဟု အိမ်ဖြူတော် မြောက်ဘက် မြက်ခင်းပြင်တွင် “Fox & Friends” သတင်းအစီအစဉ်နှင့် မမျှော်လင့်ထားသည့် တွေ့ဆုံမေးမြန်းမှုအတွင်း ထရမ့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် ဇွန်လ ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ သမိုင်းဝင်ဖြစ်ရပ်အဖြစ် တွေ့ဆုံခဲ့ကာ ပူးတွဲကြေညာချက်လည်း ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံလုံးသည် ကိုရီးယားကျွန်းဆွယ်တွင် ရေရှည်တည်တံ့၍ ငြိမ်းချမ်း တည်ငြိမ်သော အုပ်ချုပ်မှုစနစ် တည်ဆောက်ရန်အတွက် ပူးတွဲ ကြိုးပမ်းရေး၊ စစ်အကျဉ်းသားများနှင့် ကိုရီးယားစစ်ပွဲအတွင်း ပျောက်ဆုံးသွားသည့် စစ်သားများ၏ ရုပ်အလောင်းအကြွင်းအကျန်များအား ပြန်လည်ရှာဖွေရေးအတွက် လုပ်ဆောင်ကြမည် ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်။

အဆိုပါ အကြွင်းအကျန်များအား မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိပြီးပါက ချက်ချင်း လွှဲပြောင်းပေးရန်လည်း နှစ်နိုင်ငံ သဘောတူခဲ့ကြသည်။

ကိုရီးယားစစ်ပွဲသည် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၁၉၅၃ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင် ပြောဆိုဆက်ဆံမှုများ ရပ်တန့်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.