Connect with us

North America

ဂိုလန် ကုန်းမြင့်အား အစ္စရေး၏ အချုပ်အခြာ ပိုင်နက် အဖြစ် အသိအမှတ်ပြုရန် အချိန် တန်ပြီဟု အမေရိကန် သမ္မတ ထရန့် ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အား တွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

၁၉၆၇ ခုနှစ်တွင် ဆီးရီးယားတို့ထံမှ သိမ်းယူခဲ့သော ဂိုလန်ကုန်းမြင့်ကို အစ္စရေး၏ အချုပ်အခြာ အာဏာ ပိုင်နက် အဖြစ် အမေရိကန် နိုင်ငံက အသိအမှတ်ပြုရန် အချိန် တန်ပြီဟု အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။

ထရန့်က ၅၂ နှစ် ကြာပြီးနောက် ဂိုလန် ကုန်းမြင့်အား အစ္စရေး၏ အချုပ်အခြာ အာဏာပိုင်နက် နယ်မြေ အဖြစ် အမေရိကန် နိုင်ငံ က အပြည့်အ၀ အသိအမှတ် ပြုရန် အချိန်တန်ပြီ ဖြစ်ကြောင်း ၊ ယင်းမှာ အစ္စရေး နိုင်ငံ နှင့် ဒေသတွင်း တည်ငြိမ်ရေး အတွက် မဟာဗျူဟာ အရ အလွန် အရေးပါသကဲ့သို့ လုံခြုံရေး အရ အလွန် အရေးကြီးကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသား ဖော်ပြခဲ့သည်။

အစ္စရေးသည် ၁၉၆၇ ခုနှစ် စစ်ပွဲ အတွင်း အဆိုပါ ဂိုလန်ကုန်းမြင့်အား သိမ်းယူခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များတွင် တိုးချဲ့မှုများ လုပ်ဆောင်ခဲ့သည်။သို့သော် နိုင်ငံတကာ အသိုင်းအဝန်းက ထိုလုပ်ဆောင်မှုအား မည်သည့် အခါမျှ အသိအမှတ် မပြုခဲ့ပေ။

ဂိုလန် ကုန်းမြင့် အရေးနှင့် ပတ်သက်၍ အမေရိကန်၏ မူဝါဒ အပြောင်းအလဲ အပေါ် အမေရိကန် နိုင်ငံ ဆိုင်ရာ အစ္စရေး သံအမတ် Ron Dermer က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်အား ကျေးဇူးတင်ကြောင်း ကြေညာချက် တစ်စောင်ကို တွစ်တာ လူမှုကွန်ရက်ပေါ်မှ တဆင့် ထုတ်ဖော်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.