Connect with us

North America

သမ္မတထရမ့်အား စွပ်စွဲပြစ်တင်ရန် အမေရိကန်အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ရန် အောက်လွှတ်တော်၌ ဆွေးနွေးနေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ဒီမိုကရက်တစ်ပါတီဦးဆောင်သော အမေရိကန်အောက်လွှတ်တော်တွင် သမ္မတထရမ့်အား အာဏာအလွဲသုံးစားမှု နှင့် ကွန်ဂရက်အား ဟန့်တားမှု တို့ဖြင့်စွပ်စွဲပြစ်တင်ရန် ဒီဇင်ဘာ ၁၈ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါမဲခွဲမှုကြောင့် သမ္မတထရမ့်သည် အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် တတိယမြောက် စွပ်စွဲပြစ်တင်ခံရသော သမ္မတတစ်ဦးဖြစ်လာခဲ့သည်။

မဲခွဲမှု မစတင်မီ လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီ(Nancy Pelosi) က “ သမ္မတရဲ့ အဆင်ခြင်မဲ့ လုပ်ဆောင်ချက်တွေဟာ စွပ်စွဲပြစ်တင်မှု လုပ်ဖို့အတွက် လုံလောက်တဲ့အကြောင်းတရားတွေဖြစ်ပါတယ်။ ကျွန်မတို့မှာ ရွေးချယ်စရာမရှိပါဘူး” ဟုဆိုသည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ရန် အောက်လွှတ်တော်၌ ဆွေးနွေးနေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ရန် အောက်လွှတ်တော်၌ ဆွေးနွေးနေစဉ်(ဆင်ဟွာ)

အဆိုမဲခွဲမှုနှင့်ပတ်သက်၍ သမ္မတထရမ့်က ဒီမိုကရက်တစ်များ၏ စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းမှုသည် ရီဘတ်ပလီကန်ပါတီအပါအဝင် တစ်နိုင်ငံလုံးအပေါ် “ စော်ကားမှုတစ်ခုပဲ  ” ဟူ၍ တွစ်တာမှတစ်ဆင့် တုံ့ပြန်ရေးသားခဲ့သည်။

သမ္မတအပေါ်အယုံအကြည်မရှိ အဆိုကို အတည်ပြုရန် ဆီးနိတ်အထက်လွှတ်တော်၌ ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံးထောက်ခံမဲ သုံးပုံနှစ်ပုံ (သို့မဟုတ်) ဆီးနိတ်လွှတ်တော်အမတ် ၆၇ ဦး၏ ထောက်ခံမဲ လိုအပ်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.