Connect with us

North America

အမေရိကန် နိုင်ငံ ဘိုအင်း ကုမ္ပဏီ က လေကြောင်းပျံသန်းခွင့် ပိတ်ပင် ခံရသည့် 737MAX အမျိုးအစား လေယာဉ် ထုတ်လုပ်မှု အား ရပ်နားကြောင်း ထုတ်ပြန်ကြေညာ

ပျံသန်းခွင့် ပိတ်ပင်ခြင်းခံရသည့် 737MAX အမျိုးအစား လေယာဉ် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘိုအင်း ကုမ္ပဏီ က ဒီဇင်ဘာ ၁၆ ရက် ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် အမေရိကန် လေကြောင်းဌာန က 737MAX အမျိုးအစား လေယာဉ် ၏ ပျံသန်း ခွင့် အား ပြန်လည် ခွင့်ပြုပေးခြင်း မရှိသောကြောင့် ကုမ္ပဏီ အနေဖြင့် လာမည့်နှစ် ဇန်နဝါရီလ မှ စတင်၍ ယင်း အမျိုးအစား လေယာဉ် ထုတ်လုပ်မှု အား ရပ်နားသွားမည် ဖြစ်ပြီး ထုတ်လုပ်ပြီးစီး သည် 737MAX အမျိုးအစား လေယာဉ် လွှဲပြောင်းပေးအပ်ခြင်း အား ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထုတ်ပြန်ကြေညာချက် တွင် 737MAX အမျိုးအစား လေယာဉ် ပြန်လည် ပျံသန်းခွင့် ရရှိရန် ဆောင်ရွက်သည့် လုပ်ငန်းများ က ၂၀၂၀ ခုနှစ် အထိ ဆောင်ရွက်ရမည် ဖြစ်ပြီး တိကျသည့် အချိန် နှင့် အခြေအနေ မသိရှိရသောကြောင့် ကုမ္ပဏီ မှ လေယာဉ် ထုတ်လုပ်မှု အား ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ထုတ်လုပ်ပြီးသည့် လေယာဉ် အစင်းရေ ၄၀၀ ၏ လွှဲပြောင်းပေးအပ်ခြင်း လုပ်ငန်း အား ဦးစီးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ 737MAX အမျိုးအစား လေယာဉ် ပြန်လည် ပျံသန်းခွင့် ရရှိရေး လုပ်ငန်း က ကုမ္ပဏီ ၏ အရေးကြီးဆုံးသော အလုပ်ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ လေကြောင်းဌာန ဌာနမှူး က ဒီဇင်ဘာ ၁၁ ရက် ၌ သတင်းမီဒီယာ ၏ မေးမြန်းမှု အား ပြန်လည်ဖြေကြားရာတွင် 737MAX အမျိုးအစား လေယာဉ် က ယခင်နှစ် အတွင်း ပျံသန်းခွင့် ပြန်လည်ရရှိမည် မဟုတ်ဘဲ လက်ရှိချိန်တွင် တိကျသည့် အချိန် မသိရှိနိုင်ကြောင်း ပြောကြား ခဲ့သည်။ယခုနှစ် မတ်လ တွင် အီသီယိုးပီးယား လေကြောင်း ကုမ္ပဏီ ၏ 737-8 လေယာဉ် (737MAX အမျိုးအစား လေယာဉ်) ပျက်ကျမှု ဖြစ်ပွား ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ တွင် အင်ဒိုးနီးရှား နိုင်ငံ ခြငေ်္သ့ လေကြောင်း ကုမ္ပဏီ ၏ အမျိုးအစားတူ လေယာဉ်လည်း ပျက်ကျမှု ဖြစ်ပွား ခဲ့သည်။အမေရိကန် နိုင်ငံ လေကြောင်းဌာန က ယခုနှစ် မတ်လ မှ စတင်၍ အမေရိကန် နိုင်ငံ လေကြောင်းလိုင်း အားလုံး ရှိ 737MAX အမျိုးအစား လေယာဉ် အားလုံး အား ပျံသန်းခွင့် ယာယီ ပိတ်ပင်ထား ခဲ့သည်။ လက်ရှိချိန်တွင် ကမ္ဘာ့ နိုင်ငံ အများအပြား နှင့် ဒေသ အများအပြား တွင် 737MAX အမျိုးအစား လေယာဉ် ပျံသန်းခွင့် အား ပိတ်ပင်ထားကြောင်း သိရှိရသည်။(Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117