Connect with us

North America

အမေရိကန်နိုင်ငံသမ္မတက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ နှင့်ပတ်သက်၍ နှစ်ဘက်ခေါင်းဆောင်တို့ကို ဖုန်းဖြင့် သီးခြား ဆက်သွယ်ဆွေးနွေး

ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုး ဘိုင်ဒန်က မေ ၁၅ ရက်တွင် အစ္စရေး နှင့် ပါလက်စတိုင်း ခေါင်းဆောင်တို့နှင့် သီးခြားစီဖုန်းဆက်သွယ်၍ ပါလက်စတိုင်း-အစ္စရေး နှစ်ဘက်အကြား ဆက်လက် ဖြစ်သွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ဘိုင်ဒန် နှင့် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) တို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်က မေလ ၁၅ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံသမ္မတက ဖုန်းဖြင့်ဆက်သွယ်ပြောကြားစဉ် တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိမှု နှင့် သတင်းမီဒီယာလုပ်ငန်းဆောင်ရွက်သူများ၏ လုံခြုံရေး အာမခံမှု အပေါ် စိုးရိမ်ပူပန်မိကြောင်း ၊ ဂျော်ဒန်မြစ် အနောက်ကမ်းတွင် ဖြစ်ပွားသော တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်မိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံဝန်ကြီးချုပ်ရုံး က မေလ ၁၅ ရက်ညပိုင်းအချိန်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အစ္စရေးနိုင်ငံဝန်ကြီးချုပ်အနေဖြင့် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာတွင် အစ္စရေးနိုင်ငံ ၏ မိမိကိုယ်ကို ကာကွယ်ခွင့်အား ပြတ်သားစွာ ထောက်ခံပေးသည့်အတွက် အမေရိကန်နိုင်ငံအား ကျေးဇူးတင်ကြောင်း ၊ အစ္စရေးနိုင်ငံအနေဖြင့် မသက်ဆိုင်သောသူများအား ထိခိုက်မှုမရှိစေရန်အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဂျိုးဘိုင်ဒန်သည် မေ ၁၅ ရက်၌ ပါလက်စတိုင်း သမ္မတ Mahmoud Abbas နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ကြောင်း ၊ ယင်းမှာလည်း ဂျိုးဘိုင်ဒန် အနေဖြင့် အမေရိကန်နိုင်ငံသမ္မတ စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဦးဆုံးအကြိမ် နှစ်ဘက်အကြား ဖုန်းဆက်သွယ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေညာချက်အရ ဖုန်းဆက်သွယ်ပြောကြားရာတွင် နှစ်ဘက်အနေဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြကြောင်း ၊ ဘိုင်ဒန် က Abbas အား အမေရိကန်အနေဖြင့် အမေရိကန်-ပါလက်စတိုင်းဆက်ဆံရေး တိုးချဲ့သွားရန် ကတိပြုခဲ့ကြောင်း ၊ ဟားမတ်စ်တို့ဘက်မှ အစ္စရေးနိုင်ငံသို့ ဒုံးကျည်ပစ်လွှတ်ခြင်းကို မဖြစ်မနေ ရပ်တန့်ရမည်ဖြစ်ကြောင်းလည်း အထူးပြောကြားခဲ့သည်။

ပါလက်စတိုင်း WAFA သတင်းဌာန၏ဖော်ပြချက်အရ ပါလက်စတိုင်း သမ္မတ Mahmoud Abbas က အမေရိကန်နိုင်ငံ သမ္မတ နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားရာတွင် အမေရိကန်နိုင်ငံ အစိုးရ အနေဖြင့် အစ္စရေးနိုင်ငံ မှ ပါလက်စတိုင်းလူမျိုးများ အပေါ် တိုက်ခိုက်မှုများဆောင်ရွက်ခြင်းကိုရပ်တန့်အောင် ပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ကြောင်း ၊ အစ္စရေးနိုင်ငံမှ အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ်ထားရှိ၍ ပါလက်စတိုင်း နိုင်ငံအပေါ် သိမ်းပိုက်ထားမှုအား အဆုံးသတ်မှသာ ဒေသတွင်း လုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းရေး ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ၊ မိမိအနေဖြင့် အရှေ့အလယ်ပိုင်း ပြဿနာ နှင့် သက်ဆိုင်သော လေးဖက်ဖြစ်သည့် ကုလသမဂ္ဂ ၊ အီးယူ ၊ အမေရိကန် နှင့် ရုရှား တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အခြေခံ၍ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဂျိုးဘိုင်ဒန် နှင့် ပါလက်စတိုင်းခေါင်းဆောင်တို့ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် နှစ်ဖက်လုံးက နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းဖြင့် ပါလက်စတိုင်း-အစ္စရေး ပြဿနာအား ဖြေရှင်းသွားကြရန် ပြောဆိုခဲ့ကြပြီး ပါလက်စတိုင်းလူမျိုးတို့ ရရှိရမည့် ဂုဏ်သိက္ခာ ၊ လုံခြုံရေး ၊ လွတ်လပ်မှု နှင့် စီးပွားရေးအခွင့်အလမ်းများအပေါ် ထောက်ခံခဲ့ကြကြောင်း သိရှိရသည်။

လတ်တလောရက်ပိုင်းတွင် ပါလက်စတိုင်း ဂါဇာဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်း နှင့် အစ္စရေးနိုင်ငံအကြား ဆိုးရွားသည့် တိုက်ခိုက်မှုများ တစ်ဆင့်ဆင့် အဆက်မပြတ်မြင့်တက်လာခဲ့ကြောင်း ၊ အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဂါဇာဒေသ ကျန်းမာရေးဌာနတို့၏ မေလ ၁၅ ရက်ထုတ်ပြန်ချက်အရ မေလ ၁၀ ရက်မှစတင်၍ နှစ်ဖက်မှ တိုက်ခိုက်မှုများဖြစ်ပွားခဲ့သောကြောင့် အစ္စရေးဘက်မှ ၁၀ ဦးသေသုံးပြီး ၁၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပါလက်စတိုင်းဘက်တွင် ၁၃၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း တစ်ထောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)
———————————————–
(Chinese Version)

(国际)拜登与巴以领导人分别通电话讨论巴以冲突

新华社华盛顿5月15日电(记者刘品然)美国总统拜登15日分别与以色列和巴勒斯坦领导人通电话,讨论巴以双方仍在持续的冲突。
美国白宫当天就拜登与以色列总理内塔尼亚胡通话发表声明说,拜登在通话中对冲突造成平民伤亡、新闻记者的安全与保障表达关切,对约旦河西岸的暴力冲突表示担忧。
以色列总理府在当晚发表的一份声明中说,内塔尼亚胡在通话中感谢美国“对以色列自卫权的明确支持”,并表示以色列正尽一切努力“避免伤害不相关人员”。
拜登当天还与巴勒斯坦总统阿巴斯通电话,这是拜登今年1月就任美国总统以来双方首次通话。白宫随后发表声明说,双方对冲突造成平民伤亡表示关切,拜登向阿巴斯表达了美方对加强美巴伙伴关系的承诺,同时强调巴勒斯坦伊斯兰抵抗运动(哈马斯)必须停止向以色列发射火箭弹。
据巴勒斯坦通讯社报道,阿巴斯在通话中敦促美国政府进行干预,以停止以色列对巴勒斯坦人的进攻。阿巴斯表示,只有以色列结束对以东耶路撒冷为首都的巴勒斯坦国的占领,才能实现地区安全与稳定。他准备与中东问题有关四方(联合国、欧盟、美国、俄罗斯)合作,以联合国安理会决议为基础实现和平。
拜登在与巴以领导人通话中均提及支持通过“两国方案”解决巴以问题,并表示支持巴勒斯坦人享有“应有的尊严、安全、自由和经济机会”。
连日来,巴勒斯坦加沙地带武装组织与以色列之间的严重冲突持续升级。以色列国防军和加沙地带卫生部门15日发布的数据显示,10日以来双方冲突已致以方10人死亡、114人受伤,巴方139人死亡、1000人受伤。(参与记者:尚昊、熊思浩)(完)

Photo
5月14日,巴勒斯坦人在加沙地带拜特哈嫩查看以军空袭后的建筑。 新华社发(里泽克•阿卜杜勒•贾瓦德摄)