North America
အိုကလာဟိုးမားတွင် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် လူ ၃၀ကျော် ဒဏ်ရာရရှိ

ဟူစတန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
အိုကလာဟိုးမားပြည်နယ် အရှေ့မြောက်ပိုင်း တူလ်ဆာမြို့ တွင် လေဆင်နှာမောင်း ၃ခု တိုက်ခတ်ခဲ့ရာ လူ ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားမိုးလေဝသ ဋ္ဌာန က သြဂုတ် ၇ ရက်တွင် ဖော်ပြခဲ့သည်။
မြို့အတွင်းသို့ လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်ခဲ့၍ ဒဏ်ရာရရှိသူများအနက် ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း၊လျှပ်စစ်ဓါတ်အားများ ပြတ်တောက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများစွာ ထိခိုက်ပျက်စီးခဲ့ကာ လမ်းမများပေါ်တွင် အပျက်အစီးများနှင့် ပြည့်နှက်နေကြောင်း ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
လေဆင်နှာမောင်းကြောင့် သေဆုံးသူ မရှိသေးကြောင်း သိရသည်။
စိန့်ဖရန်စစ်ဆေးရုံ ပြောရေးဆိုခွင့်ရှိသူ လော်ရန်လန်ဝါလင် ၏ ပြောကြားချက်ကို ကိုးကား၍ အိုကလာဟိုးမား ပြည်တွင်းသတင်းစာ က ဆေးရုံ၏ ထိခိုက်ဒဏ်ရာကုသရေးစင်တာ ၌ လူပေါင်း ၃၀ခန့် ကုသပေးထားကြောင်းနှင့် သုံးဦးမှာ အခြေအနေမစိုးရိမ်ရကြောင်း ဖော်ပြခဲ့သည်။
သတင်းဖော်ပြချက်များအရ ထိခိုက်ဒဏ်ရာရရှိမှုများသည် ပထမဆုံးတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတိုက်ခတ်ခဲ့သော လေဆင်နှာမောင်း ၂ခုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ (Xinhua)