Connect with us

North America

Apple ၏ တန်ဖိုးနည်း ဘက်ထရီအစားထိုးလဲလှယ်ပေးသည့် ဈေးကြောင့် အိုင်ဖုန်း ရောင်းအားကို ထိခိုက်စေနိုင်ဟု လေ့လာဆန်းစစ်သူက ပြော

အိုင်ဖုန်း ဘက်ထရီဖြုတ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ထိပ်တန်း နည်းပညာကုမ္ပဏီဖြစ်သော Apple Inc. က တန်ဖိုးနည်း အိုင်ဖုန်း (iPhone) ဘက်ထရီများ အစားထိုးရန် ကမ်းလှမ်းချက်က ယခုနှစ်အတွင်း ရောင်းအား သန်းနှင့်ချီ၍ ရောင်းအားကျနိုင်ကြောင်း Bloomberg က ဇန်နဝါရီလ ၄ ရက်က သတင်းဖော်ပြထားသည်။

Apple အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း အိုင်ဖုန်း အဆင့်မြှင့်တင်ခြင်းများအတွက် ၁၆ သန်း ဆုံးရှုံးနိုင်ကြောင်း၊ သုံးစွဲသူများအနေဖြင့် ၂၉ ဒေါ်လာတန် ဘက်ထရီကို မှာယူကြပြီး အိုင်ဖုန်းသစ် မဝယ်ရန် ဆုံးဖြတ်ထားကြောင်း ဘာကလေ၏ လေ့လာဆန်းစစ်သူ Mark Moskowitz ၏ ပြောကြားချက်အား ကိုးကား၍ သတင်းဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဘက်ထရီဟောင်းများပါဝင်သော အိုင်ဖုန်း ဗားရှင်းဟောင်း၏ နှေးကွေးစွာ လုပ်ဆောင်ချက်အတွက် Apple က တောင်းပန်ခဲ့သည်။

Apple ၏ မပြောမဆိုလုပ်ဆောင်ခဲ့မှုက Apple အနေဖြင့် တန်ဖိုးကြီးပြီး ဈေးနှုန်းမြင့်သော ပစ္စည်းအသစ်များကို ရောင်းချနိုင်ရန်အတွက် သုံးစွဲသူများအား ဘက်ထရီအဟောင်း၏ လုပ်ဆောင်ချက် နှေးကွေးမှုဖြင့် လှည့်ကွက်ဆင်ကာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သုံးစွဲသူများက မှတ်ယူကာ ဒေါသထွက်ခဲ့ကြသည်။

သုံးစွဲသူများ၏ သဘောထားများအား အလေးထား တုန့်ပြန်သောအားဖြင့် လာမည့်နှစ်အတွင်း သက်တမ်းကုန် အိုင်ဖုန်း ဘက်ထရီ အစားထိုးလဲလှယ်ပေးမှုအား ဒေါ်လာ ၅၀ ထားရှိတော့မည် ဖြစ်ကြောင်း Apple က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.