လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၇ ရက်က တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည့် အမေရိကန်နိုင်ငံမြောက်ကယ်လီဖိုးနီးယားပြည်နယ်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ၊ ၎င်းတောမီးကြောင့် သေဆုံးသူ ၇၆ ဦးထိ မြင့်တက်လာကာ အခြားလူပေါင်း ၁၂ဝဝ ကျော်၏ အခြေအနေကိုလည်း မသိရှိရသေးကြောင်း တာဝန်ရှိသူများက ဆိုသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်း မစ္စစ္စပီပြည်နယ် အဝေးပြေးလမ်းမပေါ်တွင် နိုဝင်ဘာ ၁၄ ရက် ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကား တစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၄၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်သတင်းများ၏ ဖော်ပြချက်အရ သိရသည်။
ဟူစတန် ၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်ရှိ စီးပွားရေးဇုံနယ်မြေတစ်ခုအတွင်း နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ်ပင်လယ်ပြင်တွင် နိုဝင်ဘာ ၁၁ရက်က ပြင်းအား ၆.၃ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်သည်မြေပြင်အောက်အနက် ၇.၃ ကီလိုမီတာ ကို ဗဟိုပြု လှုပ်ခတ်ခဲ့ ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန(USGS)၏ ငလျင်သတင်းဝက်ဘ်ဆိုက်မှ သိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခြင်းအား တားမြစ်သွားမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက နိုဝင်ဘာလ ၈ ရက်က ပြောကြားခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံရန်လျာထားမှုက ကြီးမားသည့် အဓိပ္ပါယ်ရှိကြောင်း တရုတ်နိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက နိုဝင်ဘာလ ၉ ရက်တွင် ပြောကြားလိုက်သည်။
လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တွင် နိုဝင်ဘာ ၇ ရက် ညပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ သေနတ်ပစ်ခတ်သူ နှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင်...
မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) မက္ကဆီကိုစီးတီးရှိ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် နိုဝင်ဘာလ ၇ ရက်ညပိုင်းက နောက်တွဲထရပ်ကားတစ်စီး ဘရိတ်ပေါက်ပြီးနောက် ကား ၁၀ စီးခန့်ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အခြားလူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက နိုဝင်ဘာလ ၈...
ဝါရှင်တန်၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ယခုအပတ် တနင်္ဂနွေနေ့ ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပမည့် ပထမကမ္ဘာစစ်ပြီးဆုံးသည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်စဉ်ကာလအတွင်းတွင် ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်မဟုတ် ကြောင်း အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာ ၇ ရက်တွင်...
ဝါရှင်တန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ယနေ့ကျင်းပပြုလုပ်ခဲ့သော အမေရိကန်နိုင်ငံလွှတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက ရီဘတ်ဗလီကန်ပါတီအပေါ် အောက်လွှတ်တော်၌ မဲနေရာအများစု အနိုင်ရရှိခဲ့ကြောင်း နှင့် အထက်လွှတ်တော်ဆီးနိုတ်၌ ရီဘတ်ဗလီကန်ပါတီက ဒီမိုကရက်တစ်အပေါ် လွှတ်တော်ကိုယ်စားလှယ်နေရာအများစု အနိုင်ရရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအရ သိရသည်။