Connect with us

North America

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေသော်လည်း တရုတ်နိုင်ငံ ဈေးကွက်မှ အမေရိကန် စီးပွားရေးလုပ်ငန်းများ ထွက်ခွာမည်မဟုတ်ဟု စစ်တမ်းက ဖော်ပြ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Times Square ရှိ စတိုးဆိုင်တစ်ခုတွင် ဈေးဝယ်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါဖြစ်ပွားမှုအတွင်း အမေရိကန်-တရုတ် ဆက်ဆံရေးသည် “မမျှော်လင့်သော အလှည့်အပြောင်း” ဖြစ်ပေါ်လာခဲ့သော်လည်း အမေရိကန် စီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ ဈေးကွက်မှ ထွက်ခွာသွားမည် မဟုတ်ကြောင်း အမေရိကန်-တရုတ် စီးပွားရေးကောင်စီ (USCBC) က ဩဂုတ် ၁၁ ရက်တွင် ထုတ်ပြန်လိုက်သော နှစ်ပတ်လည်အဖွဲ့ဝင် စစ်တမ်းအရ သိရသည်။ 

“အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တရုတ်ဈေးကွက်မှာ ကာလရှည် ဆက်လက်ရှိနေဖို့ အခိုင်အမာရှိနေမယ်ဆိုတာ အချက်အလက်များရော အဖွဲ့ဝင်ကုမ္ပဏီတွေရဲ့ ပြောဆိုချက်များကပါ ညွှန်ပြနေပါတယ်” ဟု စစ်တမ်းက ဆိုသည်။ 

 အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာသုံးဆောင်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

USCBC သည် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသော အမေရိကန် ကုမ္ပဏီ ၂၀၀ ကျော်အား ကိုယ်စားပြုထားသည့် ကုန်သွယ်ရေးအုပ်စုတစ်ခု ဖြစ်သည်။  (Xinhua)