Connect with us

North America

အမေရိကန် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ သို့ ရေနံ ပို့ဆောင်သည့် အီရန် ရေနံတင်သင်္ဘော ၄ စင်း အား တားဆီး ၍ ရေနံစည်ပေါင်း တစ်သန်းကျော် အား သိမ်းယူ

ယခုနှစ် မေလ တွင် အီရန် နိုင်ငံ ၏ ရေနံတင် သင်္ဘော အား လိုက်ပါ ပို့ဆောင်ပေးနေသည့် ဗင်နီဇွဲလား နိုင်ငံ စစ်သင်္ဘော အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ သို့ ရေနံတင်ပို့မည် အီရန် နိုင်ငံ ရေနံတင်သင်္ဘော အား တားဆီး ခဲ့ပြီး ရေနံစည်ပေါင်း တစ်သန်းကျော် ကို သိမ်းယူခဲ့ကြောင်း အမေရိကန် နိုင်ငံ ဥပဒေရေးရာ ဌာန က သြဂုတ် ၁၄ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက် တွင် အမေရိကန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ တရားရုံး ၏ ဇူလိုင်လ တွင် လက်မှတ်ရေးထိုး ခဲ့သည့် သိမ်းယူခြင်း ဆိုင်ရာ ဥပဒေ အမိန့်ကြေညာချက် အရ ရေနံတင် သင်္ဘော ၄ စင်း ပေါ် မှ ရေနံစည်ပေါင်း ၁.၁၂ သန်း ကို သိမ်းယူခဲ့ကြောင်း ၊ ယခုအကြိမ် သိမ်းယူမှု က အမေရိကန် နိုင်ငံ ၏ အီရန် နိုင်ငံ လောင်စာဆီ ပို့ဆောင်မှု အပေါ် အကြီးမားဆုံးသော သိမ်းယူမှု ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က သြဂုတ် ၁၄ ရက် ၌ အိမ်ဖြူတော် တွင် တားဆီးခံရသည့် ရေနံတင်သင်္ဘော ၄ စင်း က တက္ကဆက် ပြည်နယ် ဟူစတန် မြို့ သို့ မောင်းနှင်နေကြောင်း ပြောကြား ခဲ့သည်။ အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် နိုင်ငံ အနေဖြင့် ဆက်လက်၍ အီရန် နှင့် ဗင်နီဇွဲလား နိုင်ငံ တို့ အပေါ် အဆုံးစွန်သော ဖိအားပေး သည့် မူဝါဒ ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၁၄ ရက် ၌ ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ က ၂၀၁၈ ခုနှစ် ၌ အီရန် နျူကလီးယား အရေး ဘက်စုံသဘောတူညီချက် မှ နှုတ်ထွက်ခဲ့ပြီး အီရန် နိုင်ငံ အပေါ် ဘက်စုံ အရေးယူပိတ်ဆို့မှု ဆောင်ရွက်ခဲ့ကာ အီရန် နိုင်ငံ ၏ ရေနံတင်ပို့မှု ကို ပိတ်ဆို့ရန် ကြံစည် ခဲ့ကြောင်း ၊ ဗင်နီဇွဲလား နိုင်ငံအနေဖြင့် အမေရိကန် နိုင်ငံ ၏ အလားတူ အရေးယူပိတ်ဆို့မှု ခံခဲ့ရကြောင်း ၊ ယခုနှစ် မတ်လ တွင် အီရန် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ သို့ ရေနံတင် သင်္ဘော ၅ စင်း စေလွှတ် ခဲ့ပြီး ဇွန်လဆန်းပိုင်း အချိန် တွင် ယင်း ရေနံတင်သင်္ဘော ၅ စင်း က အဆင်ပြေချောမွေ့စွာ ဗင်နီဇွဲလား နိုင်ငံ သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.