နယူးယောက်၊ ဒီဇင်ဘာ ၁၅ရက် (ဆင်ဟွာ) မန်ဟန်တန်မြို့နယ် အလယ်ရှိ နယူးယောက်တက္ကသိုလ် လန်ဂွန်းဆေးပညာစင်တာ တွင် ဒီဇင်ဘာ ၁၄ရက်က မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးခိုးငွေ့များအား ကီလိုမီတာပေါင်းများစွာ အကွာအဝေးမှပင် တွေ့မြင်ခဲ့ရကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) Yahoo အီးမေးလ်အကောင့်အသုံးပြုသူ ၁ ဘီလီယံကျော်၏ အချက်အလက်များ ခိုးယူခံခဲ့ရကြောင်း Yahoo ကုမ္ပဏီက ဒီဇင်ဘာလ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
လော့စ်အိန်းဂျလိစ် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ကယ်လီဖိုးနီးယားပြည်နယ် Bakersfield မြို့၌ ညပိုင်း တစ်ဦးတည်းလမ်းလျှောက်လာသော အသက် ၇၃ နှစ်အရွယ်ရှိ လက်နက်မဲ့ အဖိုးအိုတစ်ဦးအား ရဲအရာရှိတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းစာက ဒီဇင်ဘာလ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ဒီဇင်ဘာလ ၇ ရက်က ပြည်သူထောင်ပေါင်းများစွာသည် အလုပ်အကိုင်အခွင့်အလမ်းများများ နှင့် ဝင်ငွေ ကောင်းကောင်း ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရာထူးကို အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းစ်မတ်တစ် (James Mattis ) အားခန့်အပ်သွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်(OSU) ပရဝဏ်အတွင်း နိုဝင်ဘာလ ၂၈ ရက် က ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁ ဦးဒဏ်ရာရသွားကြောင်း နှင့် ဓားကိုင်တိုက်ခိုက်သူ ( သံသယတရားခံ) ကို သေနတ်ဖြင့် အသေပစ်သတ် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ချီကာဂို ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကန်တက်စကီးပြည်နယ် Louisville မြို့ရှိ Shawnee ပန်းခြံ၌ နိုဝင်ဘာလ ၂၄ ရက်( ကျေးဇူးတော်နေ့) တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားကြောင်း သိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတအဖြစ် ဒေါ်နယ်ထရမ့် အုပ်ချုပ်မည့် အစိုးရသက်တမ်းအတွင်း ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဟီလာရီ၏ ကိုယ်ပိုင်အီးမေလ်းဆာဗာအသုံးပြုခဲ့သည့် ကိစ္စရပ်အပေါ် ဖော်ထုတ်စစ်ဆေးမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ထရမ့်၏ ထိပ်တန်းလက်ထောက်တစ်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတအိုဘားမားက ဘက်စ်ကတ်ဘော ချန်ပီယံ(ဟောင်း)များဖြစ်ကြသော မိုက်ကယ်ဂျော်ဒန် နှင့် Kareem Abdul-Jabbar တို့နှစ်ဦးအပါအဝင် လူပုဂ္ဂိုလ် ၂၁ ဦးအား သမ္မတ၏ လွတ်လပ်ခြင်းဆုတံဆိပ်ကို အိမ်ဖြူတော်၌ နိုဝင်ဘာလ ၂၂ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တန်နက်စ်စီ(Tennessee) ပြည်နယ်၌ နိုဝင်ဘာလ ၂၁ ရက်က ကျောင်းကြိုယာဉ်တစ်စီးသည် လမ်းဘေးသစ်ပင်အား ဝင်တိုက်ခဲ့ပြီးနောက် တိမ်းမှောက်သွားခဲ့ရာ အနည်းဆုံးကလေးငယ် ၆ ဦးသေဆုံးပြီး ၂၃ ဦးကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။