Connect with us

North America

အီရန် နှင့်မကြာမီအတွင်း ဆွေးနွေးဖွယ်ရှိနိုင်ကြောင်း ထရမ့် ပြော

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊သြဂုတ် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ နှင့် အီရန် နိုင်ငံတို့မကြာမီကာလအတွင်း တွေ့ဆုံဆွေးနွေးသွားဖွယ် ရှိနိုင်ကြောင်း ဇူလိုင် ၃၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ် Tampa ၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ တစ်ခုတွင် ထရမ့်က “ ကောင်းကောင်းအလုပ်ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ပြီးတော့ သူတို့နဲ့စကားပြောဖို့သိပ်မကြာခင်မှာဖြစ်လိမ့်မယ်လို့ကျွန်တော်ဆန္ဒတစ်ခုရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

“ မဖြစ်ဘူးလည်း ဖြစ်နိုင်တယ်။ အဆင်ပြေတာလည်းပဲ ဖြစ်နိုင်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတအိမ်ဖြူတော်က အီရန်နျူကလီးယားသဘောတူညီချက်ကို တစ်ဖက်သတ် ဖျက်သိမ်းခဲ့သည်။ ထရမ့်က သဘောတူညီချက်အား “ အဲဒါဟာ ထိပ်လန့်ဖွယ် ဟန်ပြတစ်ခုပါပဲ ” ဟု ဆိုသည်။

ယင်းနေ့အစောပိုင်းက အိမ်ဖြူတော် ပြန်ကြားရေးဒုတိယအကြီးအကဲ Hogan Gidley က မီဒီယာများအားပြောကြားရာတွင် ထရမ့်က “ တွေ့ဆုံချင်ကြောင်း နှင့် အဖြေတစ်ခုထွက်လိုကြောင်း” ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုသည် ထရမ့်၏ အီရန်နှင့်ပတ်သက်သည့် နောက်ဆုံးထုတ်ပြန်ချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထရမ့်က ဇူလိုင် ၃ဝ ရက်တွင် ပြောကြားရာ၌ အမေရိကန် နှင့် အီရန် နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံမှုသည် နှစ်ဖက်စလုံး နှင့် ကမ္ဘာကြီး အတွက်ပါ ကောင်းမွန်ကြောင်းဆိုသည်။ ၎င်းအနေဖြင့် အီရန်သမ္မတနှင့် “ ကန့်သတ်ချက်မရှိ” မည်သည့်အချိန်မျိုးတွင် မဆိုတွေ့ဆုံရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်-အီရန် ဆက်ဆံရေးသည် အီရန်နျူကလီးယားသဘောတူညီချက်မှ ထရမ့်အစိုးရနုတ်ထွက်ပြီးချိန်ကတည်းက တင်းမာခဲ့ပြီး အီရန်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအသစ်ပြန်လည် လုပ်ဆောင်ရန် အမေရိကန်ဘက်က ဆုံးဖြတ်ခဲ့သည်။ အဆိုပါဒဏ်ခတ်ပိတ်ဆို့မှုတွင် အီရန်နိုင်ငံမှ ရေနံကို မည်သည့် နိုင်ငံကမျှ လုံးဝ ဝယ်ယူခြင်းမပြုရန်အထိ လုပ်ဆောင်သွားရန်လည်း ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.