Connect with us

North America

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း၌ Aeromexico လေယာဉ်ပျက်ကျ ၊ သေဆုံးသူ မရှိဟု အတည်ပြု


မက္ကဆီကိုစီးတီး ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

Aeromexico လေယာဉ်တစ်စင်းသည် မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Durango ပြည်နယ်၌ ပျက်ကျသွားခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဇူလိုင် ၃၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

Durango ပြည်နယ်အုပ်ချုပ်ရေးမှူး Jose Aispuro ၏ “ ပျံသန်းမှု ခရီးစဉ်အမှတ် AM 2431 လေယာဉ်မတော်တဆမှုမှာ သေဆုံးသူ တစ်ယောက်မှ မရှိပါဘူးလို့ကျွန်တော်တို့အတည်ပြုပါတယ်” ဟူသည့် တွစ်တာဖော်ပြချက်အရမူ သေဆုံးသူ မရှိကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ၌ဇူလိုင်၃၁ ရက်က လေယာဉ် ပျက်ကျမှု မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

“ Aeromexico လေယာဉ်ဟာ Durango မှာ မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ သတင်းကိုအတည်ပြုဖို့နဲ့အသေးစိတ်အချက်အလက်တွေ သိရအောင် ကျနော်တို့လုပ်နေပါတယ်” ဟု လေကြောင်းလိုင်း၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားထားသည်။

မက္ကဆီကိုနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Minister Gerardo Ruiz Esparza က ၎င်း၏တွစ်တာလူမှုကွန်ရက်မှ တဆင့် “ လေယာဉ်ပေါ်မှာ ခရီးသည် ၉၇ ဦး နဲ့လေယာဉ်အမှုထမ်း ၄ ဦးလိုက်ပါလာပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။

၎င်းလေယာဉ်ပေါ်တွင် ခရီးသည် ၁ဝဝ ကျော်လိုက်ပါလာကြောင်း ၊ ပြည်နယ်မြို့တော်ရှိ General Guadalupe Victoria နိုင်ငံတကာလေဆိပ်မှ ပျံတက်ပြီး ၅ မိနစ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.