Connect with us

North America

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း ထံသို့ စာရေးသား ပေးပို့

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း ၏ စာအား လက်ခံရရှိပြီးနောက် စာပြန်လည် ရေးသားပေးပို့ ခဲ့ပြီး မကြာခင် ကင်ဂျုံအမ်း ထံသို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း သြဂုတ်လ ၂ ရက် ၌ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Huckabee Sanders က ပြောကြား ခဲ့သည်။

Sanders က သတင်းစာရှင်းလင်းပွဲ တွင် နှစ်နိုင်ငံ ခေါင်းဆောင် အနေဖြင့် ၎င်းတို့ စင်ကာပူ ၌ တွေ့ဆုံစဉ် အတွင်း ပြုလုပ်ခဲ့သည့် ကတိစကား များ ၊ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား လုံးဝ ကင်းစင်ရေး ကို တွန်းအားပေး ဆောင်ရွက်ရေး စသည့် ကိစ္စရပ်များအား စာရေးသားပေးပို့ခဲ့ရာ တွင် ဆွေးနွေးခဲ့ကြကြောင်း ပြောကြား ခဲ့သည်။

Sanders က အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ မှ အမေရိကန် နိုင်ငံ တပ်ဖွဲ့ဝင် ရုပ်ကြွင်း များအား ပြန်လည် ပေးပို့ခဲ့သည့် အပေါ် ကျေးဇူးတင်ရှိကြောင်း ၊ အမေရိကန် နှင့် မြောက်ကိုရီးယား နိုင်ငံ အကြား ပူပေါင်းဆောင်ရွက်မှုများ က တိုးတက်မှုများ ရရှိလာပြီး ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ အနေဖြင့် သြဂုတ်လ ၁ ရက် တွင် ဟာဝိုင်ယီ ၌ မြောက်ကိုရီးယား နိုင်ငံ မှ ပြန်လည် ပေးပို့သည့် အမေရိကန် တပ်ဖွဲ့ ဝင် ရုပ်ကြွင်း ၅၅ ခု ကို ပြန်လည် လက်ခံသည့် အခမ်းအနား တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

ဒေါ်နယ်ထရမ့် နှင့် ကင်ဂျုံအမ်း တို့ က ဇွန်လ ၁၂ ရက် တွင် စင်ကာပူ နိုင်ငံ ၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ပူးတွဲကြေညာချက် တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ အား လုံခြုံရေး အာမခံချက် ပေးမည်ဟု ကတိပြုခဲ့ပြီး ကင်ဂျုံအမ်း မှလည်း ကိုရီးယား ကျွန်းဆွယ် နျူကလီးယား လုံးဝ ကင်းစင်ရေး နှင့် ပတ်သက်၍ ထပ်မံ ကတိ ပြုပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)