Connect with us

North America

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တွင် မိုတယ်တစ်ခု မီးလောင်မှုကြောင့် အမျိုးသမီး ၁ ဦးနှင့် ၎င်း၏ ကလေးငယ် ၅ ဦး သေဆုံး


ချီကာဂို ၊ ဇူလိုင်၂၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် အနောက်တောင်ပိုင်းရှိ မိုတယ်တစ်ခု၌ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၁ဦးနှင့် ၎င်း၏ ကလေးငယ် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် မိသားစု ၈ ဦး စလုံး အခန်းထဲတွင် ရှိနေကြောင်း၊ အသက် ၁ နှစ် အရွယ် ကလေးငယ် ၁ဦးနှင့် ဖခင်ဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း မိခင်ဖြစ်သူနှင့်ကလေးငယ် ၅ ဦးမှာ သေဆုံးခဲ့ရကြောင်း၊ သေဆုံးသွားသော ကလေးငယ် ၅ ဦးမှာ အသက် ၅ နှစ်မှ ၁၀ နှစ်အတွင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် မိုတယ်အား တွေ့ရစဉ် (ဆင်ဟွာ)

မီးလောင်မှုဖြစ်ပွားသည့် မိုတယ်အား တွေ့ရစဉ် (ဆင်ဟွာ)

မီးသတ်ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်နေရာသို့ရောက်ရှိချိန်တွင် မိုတယ်တစ်ခုလုံးကို မီးလောင်ကျွမ်းနေပြီ ဖြစ်ကြောင်း ၊ ကျန် ၈ ဦးမှာ မီးခိုးငွေ့များရှုရှိုက်မိ၍ ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း၊ မီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းအရင်းကို အတိအကျ မသိရသေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.