North America
ကယ်လီဖိုးနီးယား တွင် လမ်းသွားလမ်းလာများအား ထရပ်ကားဖြင့်တိုက်မိ၍ လူ ၉ဦး ထိခိုက်ဒဏ်ရာရရှိ

လော့အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အောရိန်းစီရင်စု ဖူလာတန်မြို့ ရှိ ယာဉ်ကြောရှုတ်ထွေးသော လမ်းမတစ်ခု ၏ လူသွားလမ်းပေါ်သို့ ဖေဖော်ဝါရီ ၁၀ ရက်က ထရပ်ကားတစ်စီးဝင်ရောက်လာခဲ့ရာ လမ်းသွားလမ်းလာ ၉ဦးအား တိုက်မိပြီးနောက် သစ်ပင်တစ်ပင်အား ဝင်တိုက်ခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ယာဉ်တိုက်မှုသည် ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁း၄၈နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖူလာတန်ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ 100 W. Santa Fe ရိပ်သာဧရိယာသို့ ရောက်ရှိလာခဲ့ပြီး အနီရောင် Toyota Tacoma အမျိုးအစားကားဖြင့် တိုက်မိ၍ ဒဏ်ရာရရှိနေသော လမ်းသွားလမ်းလာအများအပြား ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
လူများသည် ထရပ်ကား၏ အောက်တွင် ပိမိနေကြောင်း၊ ယင်းထရပ်ကားသည် မီးခိုးများထွက်ကာ ရှေ့ပိုင်းပျက်စီးနေပြီး လေအိတ်များပွင့်ထွက်နေကြောင်း သိရသည်။ ရဲအရာရှိများက ယင်းကုန်တင်ကားအား မတင်ကာ ပိမိနေသူများကို ကယ်တင်ပေးခဲ့ကြောင်း သိရသည်။
ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော အသက် ၁၈နှစ် မှ ၄၉နှစ် အတွင်းရှိ လူ ၁၀ဦးကို ပြည်တွင်းဆေးကုသရေးစင်တာများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းသည် ကယ်လီဖိုးနီးယားပြည်နယ် Anaheim မြို့ မှ အသက် ၂၂နှစ်အရွယ် Christopher Solis ဆိုသူဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ဟု သံသယရှိကာ ၎င်းအား မူးယစ်ဆေးဝါးသုံးစွဲပြီး ယာဉ်မဆင်မခြင်မောင်းမှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။ (Xinhua)