North America
ကယ်လီဖိုးနီးယားပြည်နယ်ရှိ နေအိမ်တစ်လုံးအား ရဟတ်ယာဉ် ဝင်တိုက်ပြီး လူ ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Newport Beach မြို့ရှိ နေအိမ် တစ်လုံးအား ရဟတ်ယာဉ် တစ်စီးက ဇန်နဝါရီလ ၃၁ ရက်တွင် ဝင်တိုက်မိခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးကာ အခြား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရဟတ်ယာဉ်ပျက်မှုမှာ ပါဝင်သူတွေက လေယာဉ်ပေါ်က လေးဦးနဲ့ မြေပြင်က ရပ်ကြည့်သူ တစ်ဦးဖြစ်ပါတယ်။ အဲဒီထဲကမှ သုံးဦး သေဆုံးသွားတာပါ။ ရဟတ်ယာဉ် ပျက်ကျတဲ့ အိမ်ထဲမှာတော့ လူမရှိနေခဲ့ပါဘူး” ဟု Newport Beach ရဲတပ်ဖွဲ့က တွစ်တာ၌ ရေးသားထားသည်။
Revolution လေကြောင်းပိုင် လူလေးယောက်စီး Robinson 44 ရဟတ်ယာဉ်သည် Bristol လမ်းနှင့် Bayview Place အနီး Shearwater Place ၌ ဒေသစံတော်ချိန် နေ့လယ် ၁း၄၅ နာရီဝန်းကျင်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
CBS Los Angeles သို့ မျက်မြင်သက်သေတစ်ဦး ပြောကြားချက်အရ ရဟတ်ယာဉ်မှာ “ခဲလုံးပြုတ်ကျသလို ပြုတ်ကျလာခြင်း” ဖြစ်သည်ဟု သိရသည်။
Revolution လေကြောင်းကုမ္ပဏီ၏ ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ အဆိုပါ လေယာဉ်အား ၁၉၆၀ ခုနှစ်ကတည်းက လေယာဉ်မှူး လေ့ကျင့်ခြင်းနှင့် ဒေသရှုခင်းလည်ပတ်သည့် ခရီးစဉ်များအတွက် အသုံးပြုရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့၏ လေယာဉ်သည် ၁၀၀ ရာခိုင်နှုန်း ဘေးကင်းစိတ်ချမှုရှိသည်ဟု ကုမ္ပဏီက ပြောဆိုထားသည်။ (Xinhua)