North America
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် အာဘေးက ဇွန်လ ၇ ရက်တွင် အမေရိကန်နိုင်ငံသို့ သွားမည်

ဝါရှင်တန်၊ မေ ၃၀ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အမေရိကန်နိုင်ငံသို့ ဇွန်လ ၇ ရက်တွင် လာရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၂၉ ရက်က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အာဘေးကို ဇွန်လ ၇ ရက်တွင် အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံမည် ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်းဒါးစ် (Sarah Sanders) က တွစ်တာ၌ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် မတွေ့ဆုံမီ အာဘေးနှင့် တွေ့ဆုံရန် သဘောတူခဲ့ကြောင်း တယ်လီဖုန်းပြောဆိုပြီး တစ်ရက်အကြာ ယခုလို ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဝါရှင်တန်အနေဖြင့် အဆိုပါ တွေ့ဆုံပွဲအတွက် “တက်ကြွစွာ ပြင်ဆင်လျက်ရှိကြောင်း” ဆန်းဒါးစ်က တွစ်တာတွင် ပြောကြားခဲ့သည်။
ထရမ့်က သူနှင့် ကင်တို့အကြား တွေ့ဆုံပွဲအတွက် ဆွေးနွေးရန် နယူးယောက်သို့ မြောက်ကိုရီးယား အဆင့်မြင့် အရာရှိ လာရောက်ကြောင်း မေလ ၂၉ ရက် နံနက်ပိုင်းတွင် တွစ်တာ၌ ရေးသားခဲ့သည်။ (Xinhua)