Connect with us

North America

တရုတ်နိုင်ငံ အဆင့်မြင့် အရာရှိနှင့် အမေရိကန် သမ္မတ ထရမ့် တွေ့ဆုံ၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကတိပြု

တရုတ်နိုင်ငံ အတိုင်ပင်ခံ ပုဂ္ဂိုလ် ယန်ကျဲ့ချီအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ အတိုင်ပင်ခံ ပုဂ္ဂိုလ် ယန်ကျဲ့ချီ (Yang Jiechi) အား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် ဖေဖော်ဝါရီလ ၂၇ ရက်က လက်ခံ တွေ့ဆုံပြီး နယ်ပယ်အားလုံး၌ နှစ်နို်င်ငံ ဆက်ဆံရေး အဆင့်မြှင့်တင်ရေးအတွက် ကတိပြုခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံစဉ် ယန်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက်လွှာအား ထရမ့်အား ပေးအပ်ခဲ့သလို တရုတ် သမ္မတ ရှီထံသို့ အမေရိကန် သမ္မတ ထရမ့်၏ နှုတ်ခွန်းဆက်လွှာကိုလည်း ပြန်လည် လက်ခံရယူခဲ့သည်။

မကြာသေးမီက တရုတ် ရှီက ထရမ့်နှင့် မကြာသေးမီက အရေးကြီးသည့် တယ်လီဖုန်း ပြောခဲ့စဉ်ကအတိုင်း လာမည့် အနာဂတ်တွင် တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှု လမ်းကြောင်းအား ရှင်းလင်းစွာ ပြောကြားခဲ့သည့် အကြောင်းအား ယန်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

နယ်ပယ်အားလုံး၌ ထိပ်ဆုံးမှ အောက်ဆုံးအထိ ဖလှယ်မှု တိုးမြှင့်ခြင်း၊ ညှိနှိုင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်း၊ နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် ကမ္ဘာ့ ရေးရာများ၌ အမေရိကန်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် တရုတ်က ဆန္ဒရှိကြောင်း၊ ဘုံ အကျိုးစီးပွားများနှင့် အဓိက ကိစ္စရပ် တစ်ခုစီအား လေးစားကြရန်အတွက်လည်း ယန်က ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ပြီး ခိုင်မာစွာ တိုးတက်မှုသည် နှစ်နိုင်ငံ ပြည်သူများနှင့် တစ်ကမ္ဘာလုံး အကျိုးကျေးဇူးရှိမည်မှာ အသေအချာပင် ဖြစ်ကြောင်း ယန်က ဖြည့်စွက် ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်ကလည်း တရုတ် သမ္မတ ရှီနှင့် တယ်လီဖုန်း ပြောဆိုခဲ့သည့်အပေါ် ဝမ်းသာမိကြောင်း ပြောကြားခဲ့သည်။

နယ်ပယ်အားလုံး၌ အဆင့်မြင့် ဖလှယ်ခြင်းများ တိုးမြှင့်ခြင်း၊ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်မှုအပေါ် မီးမောင်းထိုးပြလိုက်ပြီး ကမ္ဘာ့ရေးနှင့် ဒေသတွင်း ရေးရာများ၌ စေ့စပ်ညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ထရမ့်က အလေးထား ပြောကြားခဲ့သည်။

အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ် (Mike Pence) ၊ သမ္မတ အကြီးတန်း အကြံပေး ဂျရတ် ကက်ရှ်နာ (Jared Kushner) တို့ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

ယန်သည် ကက်ရှ်နာ၊ အိမ်ဖြူတော် မဟာဗျူဟာမှူး စတိဖ်ဘန်နွန် (Steve Bannon) နှင့် အမျိုးသား လုံခြုံရေး အကြံပေး ဟာဘတ် ရေမွန် မက်မာစတာ (Herbert Raymond McMaster) တို့နှင့် သီးခြားစီ တွေ့ဆုံကာ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် အခြား ကိစ္စရေးရာများ မြှင့်တင်ရေးအပေါ် အမြင်ခြင်း ဖလှယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.