Connect with us

North America

နယူးယောက်မြို့တွင် ရေသူမဝတ်စုံများဖြင့် လူထုစီတန်းလှည့်လည်ပွဲ ကျင်းပကာ နွေရာသီ အား စတင်

ရေသူမ လူထုစီတန်းလှည့်လည်ပွဲ တွင် ပါဝင်ဆင်နွှဲသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

နယူးယောက်မြို့၏ ကိုနေး ကျွန်းတွင် ဇွန်လ ၁၈ ရက်နေ့ နေ့လည်ခင်းက အရောင်အသွေးစုံလင်လှသော ရေသူမဝတ်စုံများ၊ ဒဏ္ဍာရီလာ ရေအောက် နတ်ဘုရားများ၏ ဝတ်စုံများကို ဝတ်ဆင်ထားသော လူထုသည် ၃၄နှစ်မြောက် ရေသူမ လူထုစီတန်းလှည့်လည်ပွဲ တွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး မြို့အတွင်း နွေရာသီ လှုပ်ရှားမှုများ၏ အစ အဖြစ် လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။

ထောင်ပေါင်းများစွာသော ပါဝင်ဆင်နွှဲသူများသည် ကိုယ်တိုင်ချုပ် ရေသူမ ဝတ်စုံများကို ဝတ်ဆင်ထားကာ ချီတက်တီးဝိုင်းများက အမေရိကန်နိုင်ငံ၏ အကြီးဆုံး အနုပညာလက်ရာမြောက် စီတန်းလှည့်လည်ပွဲ ကို ပေါ်လွင်စေခဲ့သည်။

ရေသူမ လူထုစီတန်းလှည့်လည်ပွဲ တွင် ပါဝင်ဆင်နွှဲသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အဆိုပါ လှည့်လည်ပွဲ အခမ်းအနားကို ၁၉၈၃ ခုနှစ် မှစ၍ ရှေးဟောင်း ဒဏ္ဍာရီ များ နှင့် ပင်လယ်ပြင် ရိုးရာထုံးလမ်းဓလေ့ကို ဖော်ကျူးသည့် အနေဖြင့် စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နှစ်စဉ် နှစ်တိုင်း ရေသူမ လူထုစီတန်းလှည့်လည်ပွဲ အား သရဖူ ရွေးချယ် အပ်နှင်းထားသည့် နက်ပ်ကျွန်း ဘုရင် နှင့် ရေသူမ ဘုရင်မ တို့က ဦးဆောင် ခဲ့ ကြောင်း သိရသည်။ ယခု နှစ်၏ နက်ပ်ကျွန်း ဘုရင်အဖြစ် Brooklyn Chamber of Commerce ၏ ဥက္ကဋ္ဌ ဖြစ်သူ Carlo Scissura အား ပေးအပ်ခဲ့ပြီး ရေသူမ ဘုရင်မ ဆု ကို ကယ်လီဖိုးနီးယား မော်ဒယ် Hailey Clauson ကရရှိခဲ့ကြောင်း သိရသည်။

စီတန်းလှည့်လည်မှု သည် နေ့လည် ၁ နာရီတွင် စတင်ခဲ့ပြီး ယင်းပွဲသို့ ပရိသတ် ငါးသိန်းမျှလာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ (Xinhua)