Connect with us

North America

မက္ကဆီကိုတွင် ပြင်းအား ၇.၁ ရှိသော အင်အားပြင်း ငလျင်လှုပ်

မက္ကဆီကိုစီးတီးတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လမ်းမပေါ်သို့ ထွက်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၆ ရက် မွန်းလွဲပိုင်း (ဖေဖော်ဝါရီလ ၁၇ ရက်၊ ပေကျင်းစံတော်ချိန် နံနက် ရး၃၉ နာရီ) ၌ ပြင်းအား ၇.၁ ရှိသော အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) အရ သိရသည်။

အဆိုပါ ငလျင်သည် မက္ကဆီကိုနိုင်ငံ Pinotepa de Don Luis မြို့ တောင်ဘက် ၄ ကီလိုမီတာအကွာ၊ မြောက်လတ္တီကျု ၁၆.၆၀ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၉၇.၇၅ ဒီဂရီအကြား မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အင်အားပြင်း ငလျင်ဒဏ်အား မက္ကဆီကိုစီးတီးတွင်လည်း ခံစားခဲ့ရကြောင်း၊ ငလျင်သတိပေးသံများလည်း ထုတ်လွှင့်ထားကြောင်း သိရသည်။မြို့တော် မက္ကဆီကိုစီးတီးရှိ တရုတ်တန်းအနီး လမ်းမများ၌ ငလျင်ကြောင့် နေအိမ်ပြင်ပသို့ ထွက်နေသူများကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.