Connect with us

North America

အမေရိကန် နိုင်ငံ က ရုရှား နိုင်ငံ နှင့် ချုပ်ဆိုထားသည့် ဒုံးကျည် လျှော့ချရေး သဘောတူညီချက် အား ရပ်ဆိုင်းမည် ဖြစ်ကြောင်း ခြိမ်းခြောက်

အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အား နေတိုး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ရုရှား နိုင်ငံ အနေဖြင့် တာလတ်ပစ် နျူကလီးယား ဒုံးကျည် လျှော့ချရေး သဘောတူညီချက် (Intermediate-Range Nuclear Forces Treaty) အား ဘက်စုံလိုက်နာခြင်း မရှိပါက အမေရိကန် နိုင်ငံ အနေဖြင့် ရက်ပေါင်း ၆၀ ပြီးနောက်တွင် ယင်း သဘောတူညီချက် အား ရက်ဆိုင်းမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၄ ရက် ၌ ပြောကြား ခဲ့သည်။

Mike Pompeo က ဘရပ်ဆဲလ် မြို့တွင် ကျင်းပ ပြုလုပ်သည့် နေတိုး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်စဉ် အတွင်း အထက်ပါအကြောင်းအရာ အား ပြောကြား ခဲ့ခြင်းဖြစ်ပြီး ရုရှား နိုင်ငံ က ဒုံးကျည်လျှော့ချရေး သဘောတူညီချက်အား လိုက်နာခဲ့ခြင်း မရှိကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် စစ်ဆေးမှု ပြုလုပ်နိုင်သော ဘက်စုံလိုက်နာမှုဆောင်ရွက်ခြင်း မရှိပါက ရက်ပေါင်း ၆၀ ပြီးနောက်တွင် အမေရိကန် နိုင်ငံ မှလည်း စာချုပ်အား လိုက်နာတော့မည် မဟုတ်ကြောင်း ၊ ရက်ပေါင်း ၆၀ အတွင်း အမေရိကန် နိုင်ငံ အနေဖြင့် စာချုပ်တွင် သက်မှတ်ထားသည့် ထုတ်လုပ်မှု ၊ သုတေသန နှင့် နေရာချထားမှု များကို ဆောင်ရွက်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Mike Pompeo က ရုရှား နိုင်ငံ မှ ထုတ်လုပ်သည့် SSC-8(ရုရှား နိုင်ငံ မှ 9M729 ဟုခေါ်ဆိုသော) ဒုံးကျည် အမျိုးအစား သည် အမေရိကန် နှင့် မဟာမိတ် နိုင်ငံ များ၏ လုံခြုံမှု ကို ခြိမ်းခြောက်မှု ဖြစ်စေခဲ့ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ မှ သဘောတူညီမှု ချိုးဖောက် ထားသည့် စာချုပ် တစ်ခု အား လိုက်နာရန် မလိုအပ်တော့ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ၏ သဘောထား နှင့် ပတ်သက်၍ ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ရုရှား နိုင်ငံ အနေဖြင့် ဒုံးကျည်လျှော့ချရေး သဘောတူညီချက်အား ခိုင်မြဲစွာ လိုက်နာခဲ့ပြီး ယင်းဆောင်ရွက်ချက်သည်လည်း အမေရိကန် နိုင်ငံ မှ ကာလတစ်လျှောက် သိရှိပြီးသည့် ကိစ္စရပ် ဖြစ်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ယခုနှစ် အောက်တိုဘာ ၂၀ ရက် တွင် ဒုံးကျည်လျှော့ချရေး သဘောတူညီချက် မှ နုတ်ထွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ရုရှား နိုင်ငံ သမ္မတ ပူတင် က အောက်တိုဘာ ၂၄ ရက် ၌ အမေရိကန် နိုင်ငံ က သဘောတူညီချက် မှ နုတ်ထွက်ပါက ရုရှား နိုင်ငံ အနေဖြင့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တာလတ်ပစ် နျူကလီးယား ဒုံးကျည် လျှော့ချရေး သဘောတူညီချက် (Intermediate-Range Nuclear Forces Treaty) စာချုပ် အား ၁၉၈၇ ခုနှစ် ဒီဇင်ဘာ ၈ ရက် တွင် အမေရိကန် နိုင်ငံ နှင့် ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင် တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး သဘောတူညီချက် တွင် နှစ်နိုင်ငံ အနေဖြင့် အကွာအဝေး ၅၀၀ ကီလိုမီတာ မှ ၅၅၀၀ ကီလိုမီတာ အတွင်း ပစ်ခတ် နိုင်သည့် ဒုံးကျည် များအား ဆက်လက် ထိန်းသိမ်းထားရှိခြင်း ၊ ထုတ်လုပ်ခြင်း နှင့် သုတေသန ဆောင်ရွက်ခြင်း များ မပြုလုပ်တော့ကြောင်း ပါဝင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.