Connect with us

North America

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တွင် မြေပြိုမှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၃ ဦး သေဆုံး

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Santa Barbara ဒေသ တွင် ဖြစ်ပွား ခဲ့သည့် မြေပြိုမှု အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ် ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Santa Barbara ဒေသ တွင် ဇန်နဝါရီ ၉ ရက်နေ့၌ ဆောင်းရာသီ လေပြင်းမုန်တိုင်း ကျရောက်မှုကြောင့် မြေပြိုမှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်တွင် လူပေါင်း ၁၃ ဦး သေဆုံး ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဇန်နဝါရီ ၉ ရက် ညနေ ၄ နာရီ တွင် ကျင်းပ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲ တွင် Santa Barbara ဒေသ ရဲတပ်ဖွဲ့မှူး က လက်ရှိချိန်၌ လူပေါင်း ၁၃ ဦး သေဆုံးခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့ နှင့် အခြားသက်ဆိုင်ရာ အဖွဲ့ တို့က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်နေကြောင်း ၊ ကယ်ဆယ်ရေး လုပ်ငန်းများ ပိုမို ဆောင်ရွက်လာသည် နှင့် အမျှ သေဆုံးသူစာရင်း ပိုမို မြင့်တက် လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

Santa Barbara ဒေသ မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ချက်အရ လက်ရှိချိန်တွင် ပျောက်ဆုံးနေသူ စာရင်းကို အတည်ပြု နိုင်ခြင်းမရှိသေးဘဲ ပျက်စီးဆုံးရှုံးမှု အခြေအနေ ကိုလည်း စာရင်းပြုစုနေသေးကြောင်း ၊ ကယ်လီဖိုးနီးယား ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့်လည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အဖွဲ့ဝင် နှင့် ယန္တရားများကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.