North America
အမေရိကန်နိုင်ငံ အမျိုးသားဥယျာဉ်ရှိ တောင်ထိပ်တစ်နေရာမှ ခရီးသွား ၂ဦး ပြုတ်ကျသေဆုံး

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန် Yosemite အမျိုးသားဥယျာဉ် ရှိ ရှုခင်းကြည့်နေရာတစ်ခုမှ ခရီးသွား ၂ဦး ပြုတ်ကျ သေဆုံးခဲ့ကြောင်း အမျိုးသားဥယျာဉ်ဝန်ဆောင်မှုဌာနက အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဥယျာဉ်ဝန်ထမ်းများသည် Yosemite အမျိုးသားဥယျာဉ် ရှိ Taft အမှတ်မှ အောက်တိုဘာ ၂၅ရက် နံနက်ပိုင်းတွင် ပြုတ်ကျခဲ့သည့် အမျိုးသား နှင့် အမျိုးသမီး တို့၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းကို မဆုံးဖြတ်နိုင်သေးကြောင်း ထုတ်ပြန်ချက်၌ပါရှိပြီး အဆိုပါ ဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေကာ အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။
Yosemite အမျိုးသားဥယျာဉ် သည် ကယ်လီဖိုးနီးယားပြည်နယ် Sierra Nevada တောင်တန်းများ၌တည်ရှိသည်။ Taft အမှတ်သည် Yosemite ရေတံခွန်များကို ကြည့်ရှုနိုင်သည့် ထင်ရှားသော တောင်တက်ခရီးနေရာတစ်ခု ဖြစ်ပြီး အမြင့်ဆုံးနေရာ၌ Taft အမှတ်သည် ပေ ၇,၀၀၀ကျော် (၂,၁၃၃မီတာ) မြင့်ကြောင်း သိရသည်။ (Xinhua)