North America
အသက် ၈၆ နှစ် အရွယ်ရှိ မက္ကဆီကို မူးယစ်ရာဇာ တစ်ဦးအား အကျဉ်းထောင်မှ နေအိမ် အကျယ်ချုပ် သို့ပြောင်းရွှေ့

မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
အသက် ၈၆ နှစ် အရွယ်ရှိ မက္ကဆီကို မူးယစ်ရာဇာ တစ်ဦးအား အကျဉ်းထောင်မှ ရွှေ့ပြောင်းကာ ၎င်း၏ ထောင်ဒဏ် အနှစ် ၄၀ ထဲမှ ကျန်ရှိနေသည့် ထောင်ဒဏ်များအား နေအိမ် အကျယ်ချုပ် အဖြစ် ကျခံရန် ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Miguel Angel Osorio Chong က ဇူလိုင်လ ၂၈ ရက် တွင် ပြောကြား ခဲ့သည်။
မူးယစ်ရာဇာ Ernesto Fonseca Carrillo ၏ ပြောင်းရွှေ့မှုသည် ဖယ်ဒရယ် အစိုးရရှေ့နေများက ၎င်းအား အကျဉ်းထောင်၌ပင် ဆက်လက် အပြစ်ဒဏ် ကျခံစေရန် အယူခံ တင်သွင်းမှု ပယ်ချခံရ ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဝန်ကြီးက တရားသူကြီး၏ အမိန့်အရ Ernesto Fonseca Carrillo အား ၎င်း၏ ကျန်ရှိနေသည့် ထောင်ဒဏ်များ ကို နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ကျခံရန် ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။
Fonseca သည် အမေရိကန် မူးယစ်တိုက်ဖျက်ရေး အေဂျင်စီ မှ အေးဂျင့် တစ်ဦးအား ညှဉ်းပမ်း နှိပ်စက်ကာ သတ်ဖြတ်မှုဖြင့် ၁၉၈၅ ခုနှစ် တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့ပြီး ယခုအခါ ကျန်ရှိနေသည့် ထောင်ဒဏ် ၉ နှစ်အား နေအိမ် အကျယ်ချုပ် အဖြစ်ပြောင်းလဲ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ (Xinhua)