North America
အိုင်အက်စ်၏ ဓာတုလက်နက် ထုတ်လုပ်မှုများအား မဟာမိတ်တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပင်တဂွန် အတည်ပြု
ဝါရှင်တန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)
အိုင်အက်စ် (IS) ၏ ဓာတုလက်နက် ကျွမ်းကျင်သူ တစ်ဦးအား ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့၏ ဓာတု လက်နက် ထုတ်လုပ်မှုများအား အမေရိကန် ဦးဆောင်သည့် မဟာမိတ်များက လေကြောင်း တိုက်ခိုက်မှုများ ဖြင့်ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပင်တဂွန် စစ်ဋ္ဌာနချုပ်က မတ်လ ၁၀ ရက်က အတည်ပြု ပြောကြားလိုက်သည်။
ဖမ်းဆီးမိခဲ့သူမှာ ဆူလေမန် ဒါဝတ် အယ်လ်-ဘက်ကာ (Sulayman Dawud al-Bakkar) ဟု ခေါ်သည့် အဘူ ဒါဝတ် (Abu Dawud) ဆိုသူဖြစ်ပြီး ၎င်းအား အမေရိကန်အထူးတပ်ဖွဲ့က ဖေဖော်ဝါရီလတွင် အီရတ်၌ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိသူ ပီတာကွတ်က ပြောသည်။
၎င်းထံမှ ရရှိခဲ့သည့် သတင်း အချက်အလက်များအရ ပြုလုပ်ခဲ့သည့် မဟာမိတ်တပ်ဖွဲ့၏ လေကြောင်း တိုက်ခိုက်မှု များစွာ၌ အိုင်အက်စ်တို့၏ ဓာတုလက်နက် ထုတ်လုပ်မှုများ ပျက်စီးခဲ့ကြောင်းနှင့် လာမည့် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကွတ်က ပြောကြားခဲ့သည်။
စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ပြီးနောက် ဒါဝတ်အား ထိန်းသိမ်းရန် အီရတ်သို့ မတ်လ ၁၀ ရက်က လွှဲပြောင်းပေး ခဲ့ကြောင်း သိရသည်။ (Xinhua)