North America
၁၉၃၀ ပြည့်လွန်နှစ်များက အမုန်းစကားများကို ကုလသမဂ္ဂ အကြီးအကဲ သတိပေး

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များက သင်ခန်းစာများကို မမေ့ပစ်ကြရန်နှင့် အမုန်းစကားများမှ ဝေးဝေးနေကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ဇန်နဝါရီလ ၁၈ ရက်က သတိပေးလိုက်သည်။
“၁၉၃၀ ပြည့်လွန်နှစ်များက သင်ခန်းစာများကို ဘယ်တော့မှ မမေ့ပစ်လိုက်ပါနဲ့” ဟု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ၂၀၁၉ ခုနှစ်အတွက် ပထမဆုံးပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့သည်။ ထို့ပြင် “အမုန်းစကားနှင့် မုန်းတီးဖွယ် မှုခင်းများက လူ့အခွင့်အရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ လွန်ခဲ့တဲ့ခေတ် ရှည်လျားတဲ့အတိတ်ရဲ့ ပြဿနာဖြစ်ပွားနေတာတွေ၊ မုန်းတီးဖွယ် ပဲ့တင်သံတွေကို ကြားနေရတယ်။ အဆိပ်အတောက် အယူအဆတွေက နိုင်ငံရေးဆွေးနွေးမှုတွေထဲကို ထိုးဖောက်ဝင်ရောက်နေပြီး ခေတ်ရေစီးကြောင်းကို ညစ်ညမ်းသွားစေတယ်” ဟု ဂူတာရက်စ်က အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။ (Xinhua)