တိုကျို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ချီးဘားစီရင်စု ၏ အရှေ့ကမ်းရိုးတန်းအလွန်တွင် ကနဦးတိုင်းတာချက်များအရ အင်အား ၅.၃ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သည် ဇန်နဝါရီ ၂၈ ရက် က ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းတစ်ခုအပေါ် ပိတ်ပင်တားမြစ်မှုများ ချမှတ်ခဲ့ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့သည်။
ဟူစတန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ အရှေ့တောင်ပိုင်းရှိ လူနေဧရိယာတစ်ခုတွင် ဇန်နဝါရီ ၂၈ ရက် က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဆိုးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ၏ ဆန်စားသုံးမှုသည် ပြီးခဲ့သောနှစ်တွင် ဆက်လက်ကျဆင်းခဲ့သော်လည်း ဆန်ဖြင့်ပြုလုပ်ထားသည့် အသင့်အစားအစာများစားသုံးမှုမှာ မြင့်တက်လျက်ရှိကြောင်း ဇန်နဝါရီလ ၂၇ ရက်တွင်ထုတ်ပြန်ခဲ့သော အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကဘူးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ် ၌ ညသန်းခေါင်ယံအချိန်တွင် အာဖဂန်စစ်တပ်က စစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ပြီး တာလီဘန်အကျဉ်းထောင်မှ လူ ၃၈ဦးကို ကယ်ဆယ်ခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် တွင် လက်နက်များကိုင်ဆောင်ထားသော အရပ်သားအုပ်စု နှစ်ခု အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ဦးသေဆုံးပြီး အခြား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။
သဟိတ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ သဟိတ်မြို့တွင် ဇန်နဝါရီ ၂၇ ရက်က ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် အဆောက်အဦးတစ်လုံး ပျက်စီးခဲ့ပြီး လူ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လီမာ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ တောင်ပိုင်း Apurimacပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုတယ်နံရံပြိုကျမှု ဖြစ်ပွားရာ လူ ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံ နိုင်ငံတော် ပြည်သူ့ကာကွယ်ရေးဌာန က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်၌ ဇန်နဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သော ဆည်ကျိုးမှုအတွင်း လူပေါင်း ၃ဝ၅ ဦးပျောက်ဆုံးလျက်ရှိနေပြီး သေဆုံးသူအရေအတွက်မှာ ၅၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။
ပါရီ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်နိုင်ငံ La Poste စာပို့လုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီက ဝက်နှစ်အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်စုံ ကို ဇန်နဝါရီလ ၂၈ ရက် နေ့တွင် တရားဝင်ရောင်းချသွားမည်ဖြစ် ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။