Connect with us

Europe

ဗြိတိန် နိုင်ငံ ဘုရင်မ က ဗြိတိန် နိုင်ငံ အီးယူ မှ နုတ်ထွက်သည့် သဘောတူညီချက် တွင် လက်မှတ်ရေးထိုး

ဗြိတိန် နိုင်ငံ ဘုရင်မ အဲလိဇဘတ်-၂ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ ဘုရင်မ အဲလိဇဘတ်-၂ သည် ဗြိတိန် နိုင်ငံ လွှတ်တော် က အတည်ပြုပေး ခဲ့သည့် ဗြိတိန် နိုင်ငံ အီးယူ မှ နုတ်ထွက်သည့် သက်ဆိုင်ရာ သဘောတူညီချက် စာချုပ် အား ခွင့်ပြုကြောင်း ဇန်နဝါရီ ၂၃ ရက် တွင် လက်မှတ်ရေး ထိုးခဲ့သဖြင့် ဗြိတိန် နိုင်ငံ ယခု လကုန် တွင် အီးယူ မှ နုတ်ထွက်မည့် လုပ်ငန်းစဉ် အတွက် အတားအဆီး များအား ဖယ်ရှား နိုင်ခဲ့သည်။

ဗြိတိန် နိုင်ငံ အထက်လွှတ်တော် က ဇန်နဝါရီ ၂၂ ရက် ညပိုင်း အချိန်တွင် အောက်လွှတ်တော် မှ ပြင်ဆင်ထားသည့် အီးယူ မှ နုတ်ထွက်ရေး ဆိုင်ရာ သဘောတူညီချက် စာချုပ် ကို အတည်ပြုပေး သဖြင့် ယခု လကုန်တွင် ဗြိတိန် က အီးယူ မှ နုတ်ထွက်ခြင်း ဆိုင်ရာ ဥပဒေ အကြောင်းအရာ ပြင်ဆင်မှု အားလုံး ပြီးဆုံးခဲ့သည်။ ယင်း ဥပဒေ ၏ အခြေခံအချက်အလက် များ က ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် နှင့် အီးယူ အကြား သဘောတူညီမှု ရရှိထားသည့် အီးယူ မှ နုတ်ထွက်ခြင်း ဆိုင်ရာ အချက်အလက်များ နှင့် တူညီကြောင်း သိရှိရသည်။

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ဇန်နဝါရီ ၂၂ ရက် ၌ အီးယူ မှ နုတ်ထွက်သည့် ဥပဒေ အား အဆင်ပြေချောမွေ့ စွာ အတည်ပြုနိုင်ခဲ့ခြင်းကြောင့် ယခု လကုန် တွင် ဗြိတိန် နိုင်ငံ သည် အီးယူ မှ နုတ်ထွက်နိုင်တော့မည် ဖြစ်ကြောင်း ၊ ဗြိတိန် နိုင်ငံ အနေဖြင့် ၃ နှစ် ကြား ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှု များကို လက်လွှတ် နိုင်တော့မည် ဖြစ်ပြီး အားအင်များ စုစည်း ကာ တောက်ပ သည့် အနာဂတ် ကို တည်ဆောက်နိုင်တော့မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗြိတိန် နိုင်ငံ က ၂၀၁၆ ခုနှစ် တွင် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ပြုလုပ်ခဲ့ပြီး အီးယူ မှ နုတ်ထွက်ရန် အတည်ပြုခဲ့သည်။ ထိုနောက် အချိန် ၃ နှစ်ခွဲ ကာလ အတွင်း ဗြိတိန် နိုင်ငံ က အီးယူ မှ နုတ်ထွက်ရန် အခက်အခဲများ နှင့် ကြုံတွေ့ခဲ့ရသည်။ ဗြိတိန် နိုင်ငံ ပြည်သူလူထု များ အနေဖြင့် လည်း မည်ကဲ့သို့ ၊ မည်သည့် အချိန် နှင့် အီးယူ မှ နုတ်ထွက်ရန် ၊ မနုတ်ထွက်ရန် စသည့် အကြောင်းအရာ များနှင့် ဘုံသဘောတူညီချက် ရရှိရန် အလွန် ခက်ခဲခဲ့ပြီး လူ့အသိုင်းအဝိုင်း တွင် နက်ရှိုင်းသည့် အက်ကြောင်း တစ်ခု ဖြစ်စေခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.