Connect with us

Africa & Middle East

ယူရေနီယံသန့်စင်ခြင်းကို “ မည်သည့်အဆင့်ထိမဆို” လုပ်နိုင်စွမ်းရှိကြောင်း အီရန် အရာရှိပြော

အီရန်နိုင်ငံတောင်ပိုင်း Bushehr နျူကလီးယားဓာတ်ပေါင်းဖို ရှေ့တွင် စောင့်ကြပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး အားတွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံနျူကလီးယားစွမ်းအင်အဖွဲ့(AEOI)အကြီးအကဲ၏ အထူးလက်ထောက် Ali Asghar Zarean က အီရန်နိုင်ငံအနေဖြင့် ယူရေနီယံသန့်စင်ခြင်းကို “ သန့်စင်မှု မည်သည့်အဆင့်ထိမဆို” လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် ရုပ်သံက ဇန်နဝါရီ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

“ အခုချိန်မှာ အကယ်၍ လိုအပ်လာမယ်ဆိုရင်  ယူရေနီယံသန့်စင်ခြင်းကို သန့်စင်မှုအဆင့် ဘယ်နှစ်ရာခိုင်နှုန်းအထိ လုပ်ရပါစေ AEOI အနေနဲ့ လုပ်နိုင်စွမ်းရှိပါတယ် ” ဟု Zarean က ဆိုသည်။၎င်းက အီရန်နိုင်ငံသည် လက်ရှိတွင် ၅ ရာခိုင်နှုန်းအောက် သန့်စင်မှုအဆင့်ရှိ ယူရေနီယံများကို  တစ်ရက်လျှင် ၁၀ ကီလိုဂရမ်ထိ နေ့စဉ်ထုတ်လုပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံအနေဖြင့် အဆင့်နိုမ့်ယူရေနီယံများကို ၁,၂၀၀ ကီလိုဂရမ်အထိ ထုတ်လုပ်ထားပြီးဖြစ်ကြောင်း နှင့် “ အမြင့်ဆုံး အရှိန်ဖြင့် တိုးမြှင့်လုပ်ဆောင်နေပါတယ်” ဟူ၍လည်း Zarean ကဆိုသည်။အီရန်နိုင်ငံသည် သန့်စင်သော ယူရေနီယံထုတ်လုပ်ရန် ယခုအခါ ဓာတ်ငွေ့များကို ယင်း၏ IR-4 နှင့် IR-2m ထဲသို့ ပို့လွှတ်နေကြောင်း နှင့် 9 generation centrifuges ထိ ရောက်ရှိရန် တိုးမြှင့်လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)