Connect with us

Africa & Middle East

တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ပမာဏ ၆.၈ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်၊ လူ ၁၈ ဦးထက်မနည်းသေဆုံး

တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ဇန်နဝါရီ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးနေသည့် အဆောက်အဦများအကြား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ပမာဏ ၆.၈ အဆင့်ရှိသော အင်အားပြင်းငလျင်တစ်ခု ဇန်နဝါရီ ၂၄ ရက်က လှုပ်ခတ်ခဲ့ရာ လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မြို့တော် အန်ကာရာ၏အရှေ့ဘက် ၇၅၀ ကီလိုမီတာခန့်အကွာ အယ်လာဇစ်ပြည်နယ် ဆစ်ရွိုက်စ်မြို့ကို ဗဟိုပြုကာ ဒေသစံတော်ချိန် ည ၈:၅၅ နာရီခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဘိုဂါဇီစီတက္ကသိုလ် ကန်ဒီလ်လီ ငလျင်စောင့်ကြည့်လေ့လာရေးနှင့် သုတေသနအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။ငလျင်လှုပ်ခတ်မှုကြောင့် လူ ၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အဦ အပျက်အစီးများအောက်မှ လူ ၃၀ ခန့်ကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း တူရကီနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဆူလေမန် ဆိုလု (Suleyman Soylu) က ပြောခဲ့သည်။၎င်းငလျင်လှုပ်ခတ်မှု ကြာမြင့်ချိန်မှာ ၁၀ စက္ကန့်မှ ၁၂ စက္ကန့်အထိ ရှိကာ အလွန်အင်အားပြင်းကြောင်း ဒေသခံ မျက်မြင်သက်သေများက NTV အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်များစွာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117