နယူးဒေလီ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ယနေ့သြဂုတ် ၆ ရက် တွင် မီးလောင်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး အခြား ဒဏ်ရာရသူ ၁၁ ဦးကို ဆေးရုံတင်ထားရကြောင်း နှင့် ယင်းတို့အနက် ၆ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်...
ဒမတ်စကက်စ် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၅ ရက် ၌ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ မှ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကို မလိုက်နာဘဲ တိုက်ခိုက်မှုများ အကြိမ်ကြိမ်...
လာပက်ဇ်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံတွင် သြဂုတ်လ ၄ ရက် ညသန်းခေါင်ခန့်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မီတာ ၂၀၀ နက်သောလျှိုမြောင်တစ်ခုအတွင်းသို့ ပြုတ်ကျသွားခဲ့ရာ လူ ၁၄ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက သြဂုတ်လ ၅ ရက်တွင်...
ဟီရိုရှီးမား ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့အား ဒုတိယကမ္ဘာစစ်ပြီးဆုံးလုနီးပါးအချိန်တွင် အမေရိကန်နိုင်ငံက အနုမြူဗုံးကျဲချခဲ့ခြင်း ၇၄ နှစ်မြောက်အခမ်းအနားကို ယနေ့သြဂုတ် ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံအစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) က ပင်လယ်ကွေ့၌ လောင်စာဆီများ “မှောင်ခို” သယ်ဆောင်သည်ဟုဆိုကာ အီရတ်ဆီတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက သြဂုတ် ၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ကိုလံဘို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သော ဇူလိုင်လအတွင်း အရက်သောက်ပြီး ကားမောင်းသော ယာဉ်မောင်း ၇,ဝဝဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ၊ နိုင်ငံတစ်ဝှမ်း ဇူလိုင် ၅ ရက်မှ စတင်ကာ ပြုလုပ်သော အထူးစစ်ဆင်ရေးအစီအစဉ်တစ်ခုတွင် အရက်သောက်၍ ကားမောင်းသူများကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း...
ချီကာဂို၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သြဂုတ် ၄ ရက်က သေနတ်ပစ်ခတ်မှု ၂ ခု ဆက်တိုက်ဖြစ်ပွားရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊သြဂုတ် ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သြဂုတ် ၄ ရက် ညဉ့်နက်ပိုင်းက ယာဉ်မတော်တဆမှုမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တိုကျို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) ဂျပန် နိုင်ငံ၏ ဖူကူရှီးမား စီရင်စု၌ သြဂုတ် ၄ ရက်တွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် သွားခဲ့ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီထံမှ သိရသည်။
ဒိုဟာ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် အာဖဂန်နစ္စတန်တာလီဘန် အုပ်စုတို့အကြား ၈ ကြိမ်မြောက် ဆွေးနွေးပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့၌ သြဂုတ် ၄ ရက်တွင် ကျင်းပခဲ့ပြီး ၁၈ နှစ်ကြာ ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ခိုက်မှုများကို အဆုံးသတ်ရန် မျှော်လင့်ကြောင်း ကာတာနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။