Connect with us

North America

သက်တမ်း ၁၁၇ နှစ်ရှိ ပန်ဆူဗေးနီးယားအပန်းဖြေစံအိမ် မီးလောင်ပျက်စီး

သက်တမ်း ၁၁၇ နှစ်ရှိ ပန်ဆူဗေးနီးယားဟိုတယ်မီးလောင်မှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပန်ဆူဗေးနီးယား (Pennsylvania) ပြည်နယ် ၊ Pocono တောင်တန်းပေါ်ရှိ သက်တမ်း ၁၁၇ နှစ်ရှိသော အပန်းဖြေစံအိမ်သည် မီးလောင်မှုတစ်ခုအတွင်း ပျက်စီးဆုံးရှုံးသွားခဲ့ရပြီဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းမီဒီယာက နိုဝင်ဘာ ၂ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

မီးလောင်မှုသည် သမိုင်းဝင် ပိုကိုနိုအပန်းဖြေစံအိမ်( Pocono Manor Resort and Spa) ၏ အဓိကအကျဆုံး အစိတ်အပိုင်း၌ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း  မီးသတ်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းက ဆိုသည်။ ၎င်းမီလောင်မှုသည် နိုဝင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း နှင့် အဆောက်အဉီအတွင်းရှိ လူပေါင်း ၂၀ မှာ အပြင်ဘက် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

သက်တမ်း ၁၁၇ နှစ်ရှိ ပန်ဆူဗေးနီးယားဟိုတယ်မီးလောင်မှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

သက်တမ်း ၁၁၇ နှစ်ရှိ ပန်ဆူဗေးနီးယားဟိုတယ်မီးလောင်မှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

သက်တမ်း ၁၁၇ နှစ်ရှိ ပန်ဆူဗေးနီးယားဟိုတယ်မီးလောင်မှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

သက်တမ်း ၁၁၇ နှစ်ရှိ ပန်ဆူဗေးနီးယားဟိုတယ်မီးလောင်မှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

အဆိုပါ အဆောက်အဉီကို ၁၉၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အပန်းဖြေစခန်းတစ်ခုလုံး၏ အကျယ်မှာ စတုရန်းမိုင် ၅ မိုင် ရှိကြောင်း နှင့် ၎င်းသည် အမေရိကန်နိုင်ငံ အမျိုးသားမှတ်ပုံတင်ဌာန၏ သမိုင်းဝင်နေရာတစ်ခုအဖြစ် စာရင်းသွင်းခံထားရကြောင်း စံအိမ်တော်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။“ သမိုင်းဝင်အမွေအနှစ်အစိတ်အပိုင်းတွေ ပျက်စီးသွားခဲ့ရပါပြီ” ဟု စံအိမ်၏ Facebook စာမျက်နှာတွင် မှတ်ချက်စကားဝင်ရောက်ရေးသားသူတစ်ဉီး က ဆိုသည်။(Xinhua)