Connect with us

Asia

အာဆီယံ-တရုတ် ကဏ္ဍစုံချိတ်ဆက်မှုအတွက် ဖွံ့ဖြိုးရေးအစီအစဉ်များကို အတူတကွဖော်ဆောင်

ဘန်ကောက် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

အာဆီယံ(ASEAN)အဖွဲ့ဝင် ၁၀ နိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည်  ဒေသတွင်း ချိတ်ဆက်မှုကို တွန်းအားပေးရေး အတူတကွဆောင်ရွက်ရန် နှင့် ဖွံ့ဖြိုးရေးအစီအစဉ်များကို ဖောင်ဆောင်သွားရန် နိုင်ဝင်ဘာ ၃ ရက်တွင် ကတိပြုခဲ့ကြကြောင်း ထိုင်းနိုင်ငံ၌ ပြုလုပ်သော ၂၂ ကြိမ်မြောက်အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးအတွင်း ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်အရ သိရသည်။

အာဆီယံ-တရုတ် ပူးတွဲကြေညာချက်အရ အာဆီယံချိတ်ဆက်ဆောင်ရွက်မှု မဟာစီမံကိန်း (MPAC) ၂၀၂၅ နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမဖော်ဆောင်မှု(BRI)  တို့၏ အစီအစဉ် နှစ်ရပ်စလုံးကို MPAC 2025 အတွင်း လုပ်ဆောင်သွားရန် အသိအမှတ်ပြုခဲ့ကြကြောင်း နှင့် BRI သည် ဒေသတွင်း ချိတ်ဆက်မှု ၊ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

MPAC 2025 သည် အခြေခံအဆောက်အဉီများ စဉ်ဆက်မပြတ်တိုးတက်ရေး ၊ ဒီဂျစ်တယ်နည်းပညာတီထွင်ဆန်းသစ်ရေး ၊ လိုအပ်ချက်ကို ဖြည့်စွက်ပေးနိုင်သော ကုန်စည်ပို့ဆောင်ရေး ၊ စည်းကမ်းပြည့်ဝကောင်းမွန်ရေး နှင့် ပြည်သူများ ရွေ့ပြောင်းသွားလာရေး စသည့် မဟာဗျူဟာမြောက် နယ်ပယ် ၅ ခုပေါ်တွင် အလေးထားကြောင်း ၊ ယင်းအချက်များကို ဖော်ဆောင်ရာတွင် BRI က မူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ၊ အခြေခံအဆောက်အဉီချိတ်ဆက်မှု ၊ ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားမှု ၊ ငွေကြေးထောက်ပံ့ကူညီမှု နှင့် ပြည်သူအချင်းချင်းကြား အနီးကပ်ဆက်ဆံမှုတို့ကို ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးသည် တရုတ်နိုင်ငံနှင့်အတူ BRI ပူးပေါင်းဆောင်ရွက်မှုအတွက် နှစ်ဖက်သဘောတူညီမှု လက်မှတ်များ အသီးသီး ရေးထိုးထားပြီးဖြစ်ကြောင်း သိရသည်။အာဆီယ နှင့် တရုတ်နိုင်ငံ အကြား ဒေသတွင်းချိတ်ဆက်မှု ၊ တံခါးဖွင့်မှု ၊ ပွင့်လင်းမြင်သာမှု ၊ အားလုံးပါဝင်မှု နှင့် အာဆီယံဗဟိုပြုမှု တို့ကို တိုးမြှင့်ဆောင်ရွက်သွားရန် ထပ်မံကတိပြုခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ အခြေခံအဆောက်အဉီစီမံကိန်းများတွင် ငွေကြေး နှင့် ဖွံ့ဖြိုးရေးအစီအစဉ်ကို ထောက်ပံ့ကူညီခြင်း ၊ ရထားလမ်း ၊ ကားလမ်း ၊ သင်္ဘောဆိပ်များ ၊ လေဆိပ်များ ၊ စွမ်းအင် နှင့် ဆက်သွယ်ရေး ၊ ပိုမိုကောင်းမွန်သော စီးပွားရေးတည်ဆောက်ခြင်း နှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းများ ဖော်ဆောင်ခြင်းတို့ကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူအချင်းချင်းကြားချိတ်ဆက်မှု နှင့် ဆေွးနွေးညှိနှိုင်းမှု မူဝါဒများလည်း ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း ၊ အာဆီယံ-တရုတ် နှစ်ဖက်စလုံးက လာမည့်နှစ်တွင် ဒေသတွင်းကဏ္ဍစုံ စီးပွားရေး မိတ်ဖက် (RCEP) ညှိနှိုင်းဆွေးနွေးမှုများအပါအဝင် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။အာဆီယံအသင်းကို ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။(Xinhua)