အစ္စလာမ်မာဘတ်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဧပြီလ ၁၁ ရက်တွင် ကက်ရှ်မီးယားဒေသ အိန္ဒိယ-ပါကစ္စတန်နှစ်ဖက်ခွဲခြားထားသည် နယ်စပ်မျဉ်းအနီး၌ အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်သို့ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး ဒေသခံအရပ်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဓါတုလက်နက်များအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း သံသယကို တုံ့ပြန်ရန်အတွက် ဆီးရီးယားနိုင်ငံဆီသို့ ဒုံးကျည်များ“ လာလိမ့်မည်” ဟု အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဧပြီ ၁၁ ရက်တွင် ရုရှားအား ခြိမ်းခြောက်ပြောကြားလိုက်သည်။
ဘိုဂိုတာ ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ အနောက်မြောက်ပိုင်း Antioquia ပြည်နယ် တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ က ဧပြီလ ၁၁ ရက်နေ့၌ ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရာသဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
အယ်လ်ဂျီးယား၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျီးယားမြို့ တောင်ဘက် ၃၀ ကီလိုမီတာအကွာရှိ Boufarik တပ်မတော်လေဆိပ်၌ ဧပြီလ ၁၁ ရက် နံနက်အစောပိုင်းက စစ်လေယာဉ် တစ်စင်း ပျက်ကျမှုတွင် သေဆုံးသူ အရေအတွက်မှာ ၂၅၇ ဦး ရှိလာပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
အယ်လ်ဂျီးယား၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ ဘလီဒါပြည်နယ် အယ်လ်ဂျီးယားမြို့ အနောက်တောင်ဘက် ၃၀ကီလိုမီတာ အကွာ တွင် ဧပြီ ၁၁ရက် နံနက်ပိုင်းက စစ်လေယာဉ် တစ်စီးပျက်ကျခဲ့ရာ အနည်းဆုံး စစ်သား ၁၀၅ဦးသေဆုံးကြောင်း Ennahar ပုဂ္ဂလိကရုပ်သံလိုင်းက တာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
အယ်လ်ဂျီးရီးယား ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ၌ ယနေ့တွင် စစ်ဘက်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁ဝ၅ ဦးထက်မနည်း သေဆုံးသွားကြောင်း ကနဦးသတင်းများအရ သိရသည်။(Xinhua)
ကိုင်ရို ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ၂၀၁၇ ခုနှစ်တွင် တန်ဒါမြို့နှင့် အလက်ဇန်းဒါးမြို့၌် ဖြစ်ပွားခဲ့သောအကြမ်းဖက်တိုက်ခိုက်မှုကြောင့် တရားစွဲဆိုခံရ သူ ၃၆ ဦးအား အီဂျစ်နိုင်ငံ အလက်ဇန်းဒါးမြို့ရှိ စစ်ဘက်ဆိုင်ရာတရားရုံးက ဧပြီလ ၁၀ ရက်တွင် သေဒဏ် အဖြစ် ကနဦးအမိန့်စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ဘဂ္ဂဒက်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံအတွင်းရှိ IS အစွန်းရောက်များ၏ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်ရန် အီရတ်က လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရတ်နိုင်ငံဘက်က ပြောကြားလိုက်သည်။
ရီယိုဒီဂျနေရိုး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဧပြီ ၁၁ရက်တွင် အကျဉ်းသားများက ထောင်ဖောက်ရန် ကြိုးပမ်းခဲ့ကြပြီးနောက် အနည်းဆုံး လူ ၂၀ဦး အသတ်ခံရကြောင်း တာဝန်ရှိသူ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
တူနီးရှား ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများက တရားမဝင်ဖမ်းဆီးထားသောသူ ထောင်ပေါင်းများစွာရှိ သည်ဟု ကုလသမဂ္ဂအဖွဲ့၏ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်သော အစီအရင်ခံစာ၌ ဖော်ပြထားသည်။