Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားစတင်ဖွင့်လှစ်


ဟနွိုင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂဗုဒ္ဓနေ့ဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဟနမ်ပြည်နယ်တွင် မေ ၁၂ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း ၊ အဆိုပါအခမ်းအနားသို့ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော်နှင့်ဒေသများမှ နိုင်ငံတကာကိုယ်စားလှယ်ပေါင်း ၁,၆၅ဝ ကျော်တက်ရောက်လာခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂဗုဒ္ဓနေ့(သို့မဟုတ်) ဗုဒ္ဓဖွားတော်မူနေ့အခမ်းအနားဖွင့်ပွဲတွင် ဗီယက်နမ်နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာသူတော်စင်များ ၊ ရဟန်းတော်များ ၊ သီလရှင်များ နှင့် ဗုဒ္ဓဘာသာဝင်ဧည့်ပရိသတ်များ စုစုပေါင်း ၂ သောင်းကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ကျင်းပရေး ကောင်စီဥက္ကဋ္ဌ Phra Brahmapundit ကသုံးရက်ကြာကျင်းပမည့်အခမ်းအနားသည်ကမ္ဘာတစ်ဝန်းရှိဗုဒ္ဓဘာသာဝင်များအတွက်အခွင့်အရေးသက်သက်ဖြစ်ရုံမျှသာမက ပြည်သူလူထုအားလုံးအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို စည်းရုံးလှုံဆော်ရန်လည်း ရည်ရွယ်ကြောင်း နှင့် ကမ္ဘာလုံးဆိုင်ရာရင်ဆိုင်ကြုံတွေ့နေရသည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ၊ ရာသီဥတုဖောက်ပြန်မှု ၊ ပညာရေး အပါအဝင် အခြားအရေးကိစ္စရပ်များအတွက်လည်း ပါဝင်ကြောင်းဆိုသည်။

ဗီယက်နမ်နိုင်ငံ၌ မေ ၁၂ ရက်က ကျင်းပပြုလုပ်သော ဗုဒ္ဓနေ့အခမ်းအနားမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Nguyen Xuan Phuc က ကုလမသဂ္ဂဗုဒ္ဓနေ့၏အဓိပ္ပါယ်တွင် ဘာသာရေး နှင့် ယဉ်ကျေးမှုပွဲတော်များအပြင် ဗုဒ္ဓဘုရားရှင်၏ ကာလရှည်တည်ရှိခဲ့သော တရားတော်များဖြစ်သည့် ငြိမ်းချမ်းမှု ၊ သဟဇာတဖြစ်မှု ၊ သီးခံမှု နှင့် လူသားအားလုံးအပေါ် ကြင်နာမှုတို့လည်း ပါဝင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ၌ မေ ၁၂ ရက်က ကျင်းပပြုလုပ်သော ဗုဒ္ဓနေ့အခမ်းအနားမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ဗုဒ္ဓနေ့အခမ်းအနားနှင့်အတူ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် တာဝန်ယူမှုရှိသောခေါင်းဆောင်မှုစွမ်းရည် ၊ မိသားစုအရေးကိစ္စရပ်များတွင် ဗုဒ္ဓ၏နည်းပြလမ်းညွှန်မှုများ ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ ပညာရေး ၊ လူမှုကျင့်ဝတ် ၊ တာဝန်ယူမှုတာဝန်ခံမှု နှင့် စတုတ္ထစက်မှုတော်လှန်ရေး နှင့် ဗုဒ္ဓဝါဒ စသည့်ခေါင်းစဉ်များနှင့် နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပြုလုပ်သွားရန် ရှိသည်။

ဗီယက်နမ်နိုင်ငံ၌ မေ ၁၂ ရက်က ကျင်းပပြုလုပ်သော ဗုဒ္ဓနေ့အခမ်းအနားမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲရလဒ်များ နှင့် ဆွေးနွေးချက်များကို ထည့်သွင်း၍ ဟနမ်ကြေညာစာတမ်းကို ထုတ်ပြန်သွားရန်ရှိသည်။ယခုအခမ်းအနားသည် ဗီယက်နမ်နိုင်ငံ၌ ကုလသမဂ္ဂမှ ဦးဆောင်ကျင်းပသည့် တတိယအကြိမ်မြောက် ဗုဒ္ဓနေ့အခမ်းအနားဖြစ်ပြီး ၂ဝဝ၈ ခုနှစ်တွင် ဟနွိုင်မြို့တော်၌ တစ်ကြိမ် ၊ ၂ဝ၁၄ ခုနှစ်တွင် နင်းဘင်မြို့(Ninh Binh)၌ တစ်ကြိမ် အသီးသီးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)